ရှောက်ချိုသီးမှာ ရှောက်သီး၊ သံပရာသီး၊ လိမ္မော်သီးတို့နှင့် မျိုးရင်းတူသည့် အသီးတစ်မျိုးဖြစ်ပြီး အခွံမှာ အစိမ်းရောင်ရင့်ရင့်၊ အစိမ်းရောင်ဖျော့ဖျော့နှင့် အဝါရောင်သန်းသည့် ရှောက်ချိုသီးဟူ၍ အမျိုးမျိုးရှိပါသည်။ ရှောက်ချိုသီးစားသုံးခြင်းဖြင့် အစာခြေစနစ်ကိုကျန်းမာစေ၍ ဗီတာမင်စီချို့တဲ့မှုမဖြစ်အောင် ကာကွယ်ပေးခြင်းဖြင့် ကိုယ်ခံအားကောင်းစေသည့်အပြင် ဆံကေသာကျန်းမာရေး၊ အသားအရည်ကျန်းမာရေးအတွက်လည်းကောင်းမွန်စေပါသည်။ ရှောက်ချိုသီးတွင် ပိုတက်စီယမ်ပါဝင်မှုကြောင့် ကင်ဆာရောဂါ၊ ကျောက်ကပ်ရောဂါ၊ ဆီးအိမ်/ ဆီးလမ်းကြောင်းပိုးဝင်ခြင်း၊ ပန်းနာရင်ကြပ်ရောဂါ၊ ဂေါက်ရောဂါနှင့် ကားမူးခြင်းတို့ကို သက်သာပျောက်ကင်းစေနိုင်သော အကျိုးကျေးဇူးများရရှိသည့် အသီးတစ်မျိုးဖြစ်ပါသည်။
ရှောက်ချိုသီးကို အကွင်းလိုက်လှီးပြီး ဆား၊ သကြား၊ ငရုတ်သီး၊ အရောင်တင်မှုန့်အနည်းငယ်ထည့်မွှေ၍ စားရသည့်အရသာကို ကလေး/ လူကြီးကြိုက်နှစ်သက်ကြသည့်အပြင် အဖျော်ရည်အနေဖြင့်လည်းသောက်သုံးပါက ချိုချိုချဉ်ချဉ်လေးနှင့် ခံတွင်းရှင်းစေကြောင်းသိရပါသည်။ ရှောက်ချိုသီးစားသုံးခြင်းကြောင့် ကျန်းမာရေးအကျိုးကျေးဇူးများစွာရရှိသည့်အတွက် စားသုံးသူများက ဝယ်ယူကြကြောင်း၊ ရှောက်ချိုသီးတစ်လုံးကို (၆၀ဝိ/-)ကျပ်မှ (၁၂၀ဝိ/-)ကျပ်အထိ ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်နေကြောင်း၊ ဒေသအသီးသီးမှ ဝင်ရောက်လျက်ရှိကြောင်းနှင့် ရောင်းချသည့်အသီးအများစုမှာ မောက်မယ်ရှောက်ချိုသီးများဖြစ်ပြီး ပုံမှန်ဝင်ရောက်၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရှိရပါသည်။
DOCA(ရှမ်း)