တောင်တွင်းကြီးမြို့နယ်တွင် သက်ဆိုင်ရာမိတ်ဖက်ဌာနများနှင့်ပူးပေါင်း၍ စားသုံးဆီအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

      မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်တာဝန်ခံသည် (၁၁-၁၁-၂၀၂၄) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူများနှင့်ပူးပေါင်းကာ စားသုံးသူပြည်သူများဘေးအန္တရာယ်စေရေးအတွက်ရည်ရွယ်၍ တောင်တွင်းကြီးမြို့၊ စည်ပင်သာယာမြို့မဈေးပတ်ဝန်းကျင်ရှိ စားသုံးဆီ အရောင်းဆိုင်များတွင် ရောင်းချလျက်ရှိသည့် ရောနှောဆီအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။

         ဒေသတွင်းအသုံးပြုလျက်ရှိသည့် ကုန်စည်များနှင့်စပ်လျဉ်း၍ ယခုကဲ့သို့ဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်းကို မိတ်ဖက်ဌာနများနှင့်အတူ လအလိုက်၊ အပတ်စဉ်အလိုက် စစ်ဆေးဆောင်ရွက်လျက်ရှိရာ ကုန်ဈေးနှုန်းတည်ငြိမ်ရေးအတွက်စစ်ဆေးခြင်း၊ စားသုံးဆီအရောင်းဆိုင်များတွင် စားအုန်းဆီများကို ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချခြင်းရှိ/မရှိစစ်ဆေးခြင်း၊ ဆီအရောင်းဆိုင်များတွင် ပဲဆီနှင့် နှမ်းဆီများကို အချိုးနှင့်ရောနှောရောင်းချခြင်း၊ ဝါစေ့ဆီများရောနှောရောင်းချခြင်းမရှိကြောင်းတွေ့ရှိရပြီး စားသုံးသူများသည် ရောနှောဆီများသုံးစွဲရာတွင် အချိုးနည်းပြီးဈေးနှုန်းသက်သာသော ရောနှောဆီသုံးစွဲသူများကြောင်းတွေ့ရှိရပါသည်။

DOCA(မကွေး)