အောင်လံမြို့နယ်အတွင်း စားသုံးသူများ ကျန်းမာ‌ရေးလုံခြုံစိတ်ချရမှုရှိစေရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

        မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ်တာဝန်ခံသည် (၁၂-၁၁-၂၀၂၄) ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် မိတ်ဖက်ဌာနများဖြစ်သည့် ခရိုင်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့တို့နှင့်အတူပူးပေါင်း၍ အောင်လံမြို့၊ ပြည်လမ်း စက်ရုံရပ်ကွက်၊ ဇေယျဝတီရပ်ကွက်ရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်းသိရသည်။

        ထိုသို့စစ်ဆေးရာတွင် တရားမဝင်ဆေးများ၊ သက်တမ်းလွန်ဆေးဝါးများနှင့် ဆေးဝါးများပြတ်လပ်မှုမရှိကြောင်းကိုတွေ့ရှိရပြီး အောင်လံမြို့နယ်တာဝန်ခံက ဈေးအဆမတန်မြှင့်တင်ရောင်းချခြင်းမပြုစေ‌ရေး ပြောကြားခဲ့ပြီး ခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဆေးဆိုင်လိုင်စင်များစစ်ဆေးခြင်း၊ ဆေးပစ္စည်းများစနစ်တကျထားသိုရန်နှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဆေးဆိုင်ပတ်ဝန်းကျင်တွင် စနစ်တကျအမှိုက်များစွန့်ပစ်ရန်၊ သန့်ရှင်းမှုရှိစေရန် ဆေးဆိုင်ပိုင်ရှင်များအား အသိပညာပေးပြောကြားခြင်းများပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)