ဆန်ဆိုင်ကြီးများနှင့် ဆန်ဂို‌ဒေါင်များအား ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

      ၂၀၂၄ခုနှစ်၊ နိုဝင်ဘာလ ၁၃ရက်နေ့၊ နေ့လယ်(၁၄း၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်း‌ဒေသကြီးဦးစီးမှူးရုံးမှ ဦးစီးအရာရှိနှင့်ဝန်ထမ်းများသည် ကုန်စျေးနှုန်းတည်ငြိမ် ရေးလုပ်ငန်းအဖွဲ့မှ အဖွဲ့ဝင်များနှင့်ပူးပေါင်း၍ ပြည်တွင်းစားဆန်စျေးနှုန်းများ သင့်တင့်မျှတစွာ တည်ငြိမ်မှန်ကန်စေရေးအတွက် ထားဝယ်မြို့ပေါ်ရှိ ဆန်ဂိုဒေါင်များနှင့် ဆန်အရောင်းဆိုင်ကြီးများ အား သွားရောက်စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

      ထိုသို့ ပူးပေါင်းအဖွဲ့ဖြင့်စစ်ဆေးရာတွင် ပြည်တွင်းစားဆန်စျေးနှုန်းများ သင့်တင့်မျှတစွာ တည်ငြိမ်မှန်ကန်စေရေးအတွက် ဆန်စျေးနှုန်းများစျေးနှုန်းမြှင့်တင်ရောင်းချမှုများရှိ/ မရှိ၊ အလေးချိန် မှန်ကန်စွာချိန်တွယ်ရောင်းချမှုများရှိ/ မရှိနှင့် ဝိသမလောဘဖြင့် သိုလှောင်မှုများရှိ/ မရှိစစ်ဆေးခြင်း၊ ဆန်စပါးသိုလှောင်ရုံမှတ်ပုံတင်ထားရှိနိုင်စေရေး လိုအပ်သည်များကို ရှင်းလင်းပြောကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(တနင်္သာရီ)