စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှဝန်ထမ်းများသည် နိုဝင်ဘာလအတွက် သင့်တင့်မျှတသောဆန်ဈေးကွက်ဈေးနှုန်းဖြင့် Super Market, Mini Mart, Grocery တို့တွင် Consumer Packaging ပြုလုပ်ရောင်းချနေသောဆန်များသည် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် MRF မှ သတ်မှတ်ထုတ်ပြန်ထားသည့် ဈေးနှုန်းများအပေါ် ဈေးမြှင့်တင်ရောင်းချမှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်၊၊
ထိုသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာမှာ ၁၄.၁၁.၂၀၂၄ ရက်နေ့တွင် မြောက်ဒဂုံမြို့နယ် Capital Supermarket နှင့် သင်္ဃန်းကျွန်းမြို့နယ် Junction(ဇဝန)တို့ရှိ အရောင်းစင်တာများရှိ ဆန်ဈေးနှုန်းများကိုစစ်ဆေးခဲ့ပြီး၊ တာဝန်ရှိသူအား စားသုံးသူပြည်သူများသို့ ဆန်များရောင်းချရာတွင် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမပြုရန်နှင့် သင့်တင့်မျှတသောဈေးနှုန်းဖြင့်သာရောင်းချပေးရန် အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)