ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနရုံး၌ (၁၃-၁၁-၂၀၂၄) ရက်နေ့၊ နေ့လယ် (၁၃း၀၀) နာရီအချိန်တွင် မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် အုတ်ဖိုမြို့နယ်ရှိ ဆီလုပ်ငန်းရှင်များ၊ ဆီကုန်သည်အသင်းသူ/အသင်းသားများနှင့်တွေ့ဆုံ၍ မြို့နယ်အတွင်း စားအုန်းဆီဖြန့်ဖြူးရောင်းချမှုအခြေအနေများအား ညှိနှိုင်းအစည်းအဝေးဆောင်ရွက်ခဲ့ပါ သည်။
အဆိုပါညှိနှိုင်းဆွေးနွေးပွဲတွင် မြို့နယ်တာဝန်ခံ ဦးအေးဇော်ထိုက်က ဆီရောင်းချသည့်လုပ်ငန်းရှင်ကြီးများအား သတ်မှတ်ဈေးနှုန်းအတိုင်း အလေးချိန်မှန်မှန်ကန်ကန်ရောင်းချပေးရန် အလှည့်ကျကျေးရွာအုပ်စုရှိ အိမ်ထောင်စုများအားလုံးကို ဖြန့်ဖြူးရောင်းချပေးရန်၊ စာအုပ်စနစ်ဖြင့် စည်းကမ်းချက်နှင့်အညီရောင်းချကြရန် ပြောကြားဆွေးနွေးခဲ့သည်။
ဆက်လက်၍ မြို့နယ်ဆီကုန်သည်အသင်းဥက္ကဋ္ဌကလည်း ဆီရောင်းချသည့်ကုန်သည်များအား စည်းကမ်းသတ်မှတ်ချက်များကိုရှင်းလင်းပြောကြားခဲ့ပြီး စည်းကမ်းမလိုက်နာပါက အရေးယူ ဆောင်ရွက်သွားမည့် အစီအစဉ်များကိုပြောကြားခဲ့ကြောင်းသိရှိရပါသည်။
DOCA(ပဲခူး)