အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းနှင့်စပ်လျဉ်း၍ အသိပညာပေးဆွေးနွေးခြင်း

Powered by Drupal

                 ၁၃.၁၁.၂၀၂၄ ရက်နေ့ နေ့လယ်(၁၄:၃၀)နာရီအချိန်တွင် မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှဝန်ထမ်းများသည် အင်းစိန်မြို့နယ်၊ အင်းစိန်ဈေးသို့ အွန်လိုင်းစနစ်ရောင်းချခြင်းလုပ်ငန်းနှင့် စပ်လျဉ်း၍ အသိပညာပေးဆွေးနွေးပြောကြားခဲ့ပါသည်။

               ထိုသို့ဆွေးနွေးခဲ့ရာတွင် အင်းစိန်ဈေးတာဝန်ခံ(၄)ဦးကျော်မိုးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာနမှ ဒုကြီးကြပ်ရေးမှူးဒေါ်ခိုင်ရွှေက စားသုံးသူအဓိပ္ပါယ်၊ အွန်လိုင်းစနစ်ရောင်းချခြင်းလုပ်ငန်းအဓိပ္ပါယ်၊ အခွင့်အရေး(၈)ချက်၊ တာဝန်(၄)ချက်၊ အွန်လိုင်းမှဈေးဝယ်ယူခြင်းအတွက် အားသာချက်၊ အားနည်းချက်၊ လိမ်လည်မှုပုံစံ(၂)မျိုး၊ အွန်လိုင်းရောင်းချမှုလုပ်ငန်းများနှင့် စပ်လျဉ်း၍ စိစစ်သင့်သည့်အချက်အလက်များ ကုန်စည်(သို့မဟတ်)ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ စားသုံးသူများသိသင့်သိထိုက်သည့် အချက်အလက်များအားပြောကြားပြီး ဆုံးရှုံးနစ်နာမှုများရှိခဲ့လျှင်လည်း တိုင်ကြားနိုင်သည့်နေရာများနှင့် ဖြေရှင်းဆောင်ရွက်ပေးမည့်နည်းလမ်း(၂)မျိုးအား ဆွေးနွေးခဲ့ပြီး ဟောပြောပွဲသို့ စားသုံးသူ(၁၅)ဦးတက်ရောက်ခဲ့ပြီး ဆွေးနွေးပွဲကို နေ့လယ် (၁၅:၁၅)နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)