စားအုန်းဆီဝယ်ယူခွင့်စာအုပ်များဖြင့် စနစ်တကျဖြန့်ခွဲနိုင်ရေးဆွေးနွေးခြင်း

Powered by Drupal

                စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတမြို့နယ်တာဝန်ခံသည် (၁၁.၁၁.၂၀၂၄)ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် ဟင်္သာတမြို့နယ်၊ လယ်တော်ကျေးရွာ၊ အဝေးပြေးကားဝန်းအတွင်းရှိ ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်အသင်းရုံး၌ ကျေးရွာ/ ရပ်ကွက်အုပ်ချုပ်ရေးမှူးများအား တွေ့ဆုံဆွေးနွေးခြင်းနှင့် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်း ဆောင်ရွက်ခဲ့ပါသည်။

              ဟောပြောပွဲတွင် ဟင်္သာတမြို့နယ်တာဝန်ခံ ဦးမိုးကျော်မှ စားအုန်းဆီဝယ်ယူခွင့်စာအုပ်များဖြင့် ကျေးရွာ/ ရပ်ကွက်အတွင်းရောင်းချရာတွင် အုပ်ချုပ်ရေးမှူးများအနေဖြင့် ကုန်စုံဆိုင်ပိုင်ရှင်များ၊ ကျေးရွာ/ ရပ်ကွက်များကိုဆီရောင်းချရာတွင် စနစ်တကျဖြန့်ခွဲပေးနိုင်ရေး၊ ပြည်သူလူထုလက်ထဲသို့ အရောက်ပေးပို့နိုင်ရေး၊ စားအုန်းဆီရောင်းချသောကုန်စုံဆိုင်များတွင် သတ်မှတ်ရည်ညွှန်းဈေးပါဗွီနိုင်းများကို ဆိုင်ရှေ့တွင်ချိတ်ဆွဲထားရန်၊ အိမ်ထောင်စုစာရင်းကိုင်ဆောင်ထားသည့် အိမ်ထောင်စုတိုင်းကိုရောင်းချပေးရန်၊ အဆင်မပြေမှုများရှိလာလျှင်လည်း မိမိကိုယ်တိုင်ကျေးရွာများသို့လာရောက်ပြီး လုပ်ဆောင်ပေးမည်ဖြစ်ကြောင်းဟောပြောခဲ့ပြီး ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ကုန်စုံဆိုင်လုပ်ငန်းရှင်များဘက်မှလည်း သိလိုသည်များမေးမြန်း၍ အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)