ဟင်းခတ်အမွှေးအကြိုင်များတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေး

Powered by Drupal

                 ဖျာပုံခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ (၁၃) ရက်နေ့ ၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် မြို့ပေါ်ရပ်ကွက်စတိုးဆိုင်များရှိ ဟင်းလျာများချက်ပြုတ်ရာတွင် အရောင်၊ အနံ့၊ အရသာ အတွက် အသုံးပြုသောပစ္စည်းများအား စစ်ဆေးခဲ့ကြပါသည်။

                အဆိုပါ စစ်ဆေးရာတွင် FDA ထောက်ခံချက်များ ပြည့်စုံစွာပါဝင်မှုရှိ/ မရှိနှင့် ပါဝင်ပစ္စည်း ပြည့်စုံစွာဖော်ပြထားခြင်းရှိ/ မရှိ၊ သက်တမ်းကုန်ဆုံးရက်နှင့် ထုတ်လုပ်သည့်ရက်စွဲများ ဖော်ပြထားရှိမှုအခြေအနေ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြထားရှိမှုအခြေအနေ၊ အလေးချိန် အချိန်အတွယ်နှင့် ဓာတ်မတည့်ကြောင်းဖော်ပြချက်များ ပါဝင်မှုရှိ/ မရှိတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါ သည်။

DOCA(ဧရာဝတီ)