ဟင်းခတ်အမွှေးအကြိုင်အမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

                ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ကုန်မျိုးစုံစားသောက်ကုန် ရောင်းချနေသောကုန်စုံဆိုင်(၈)ဆိုင်တွင် ရောင်းချနေသော ဟင်းခတ်အမွှေးအကြိုင်အမျိုးမျိုးကုန်ပစ္စည်းတို့တွင် စားသုံးသူရေးရာဦးစီးဌာန၏ ထုတ်ပြန်ချက် ညွှန်ကြားချက်(၂/၂၀၁၉) နှင့် ကိုက်ညီမှုရှိ/ မရှိနှင့် (၁၈.၁၁.၂၀၂၄) ရက်နေ့ နံနက်(၁၀း၀၀)နာရီအချိန်က ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့နှင့်အတူ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

                ကွင်းဆင်းစစ်ဆေးရာတွင် ဓနုဖြူမြို့နယ်ဦးစီးမှူးရုံးက စစ်ဆေးရေးအရာရှိမှ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာ ဟင်းချက်ရာတွင် အရောင်၊ အနံ့။ အရသာများတွင် ထည့်သွင်းအသုံးပြုသော ဟင်းခတ်အမွှေးအကြိုင်များတွင် ကုန်အညွှန်းအမှတ်အသား မြန်မာစာဖြင့်ဖော်ပြပါဝင်ခြင်းရှိ/ မရှိကို စစ်ဆေးခဲ့ကြပြီး ဓနုဖြူမြို့နယ်ဈေးကွက်အတွင်း ဟင်းခတ်အမွေးအကြိုင်များတွင် မြန်မာဘာသာအညွှန်းနှင့် သုံးစွဲပုံနည်းလမ်းများ၊ သက်တမ်းကုန်ဆုံရက်များ၊ သက်ဆိုင်ရာထောက်ခံချက်များ ဖော်ပြပါဝင်ကြောင်း တွေ့ရှိရသည်။ ဟင်းခတ်အမွှေးအကြိုင် ရောင်းချသူလုပ်ငန်းရှင်များကို မိမိတို့ရောင်းချသည့်မည်သည့်ကုန်စည်မဆို စားသုံးသူရေးရာဦးစီးဌာန၏ စားသုံးသူကာကွယ်ရေးဥပဒေပါ အခန်း(၁၈)တွင်ပါဝင်သော အချက်(၈)ချက်မှ (ခ) နှင့် (ဆ) မပါမဖြစ် ဖော်ပြရမည်ဖြစ်၍ ၎င်းတို့ကိုကြည့်ရှုစစ်ဆေး၍  ရောင်းချရန်၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ကြော်ငြာထားသော ညွှန်းကြားချက်အမှတ် (၂/ ၂၀၁၉)နှင့် အညီ မြန်မာဘာသာဖြင့် ပြည်စုံစွာဖော်ပြထားသောကုန်စည်များကိုသာ ရောင်းချကြရန်ဖြစ်ကြောင်း အသိပေးပြောကြားခဲ့ပြီး ကုန်စုံဆိုင်ပိုင်ရှင်များအား ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးသည့်ရက်စွဲ ကျော်လွန်နေသောကုန်စည်များရောင်းချနေခြင်း ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားခြင်းမရှိသော ကုန်ပစ္စည်းများရောင်းချနေကြောင်းကိုစစ်ဆေးတွေ့ရှိပါက စားသုံးသူကာကွယ်ရေးဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းကို ဆိုင်ရှင်များအား ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)