စားသုံးသူရေးရာအသိပညာပေးဆွေးနွေးပွဲ TALK SHOW အစီအစဉ်ဆောင်ရွက်ခြင်း

Powered by Drupal

               စားသုံးသူရေးရာဦးစီးဌာန၊ လေးမျက်နှာမြို့နယ်တာဝန်ခံသည် (၁၈.၁၁.၂၀၂၄)ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် ဇလွန်မြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ အွန်လိုင်းမှတ်ပုံတင်လက်မှတ်ထုတ်ပေးခြင်းနှင့် စပ်လျဉ်း၍ Talk Show အစီအစဉ်ကိုဆောင်ရွက်ခဲ့ပါသည်။

             အဆိုပါ အစီအစဉ်တွင် မြို့နယ်တာဝန်ခံ ဦးသန့်ဇင်ဦးက အွန်လိုင်းမှတ်ပုံတင်လျှောက်ထားရာတွင် ဦးစီးဌာနအနေဖြင့် ဆောင်ရွက်ရမည့်ကိစ္စရပ်များအား ရှင်းလင်းပြောကြားခဲ့ပါသည်။ အဆိုပါ ကိစ္စရပ်များတွင် ဦးစီးဌာနအနေဖြင့် လျှောက်လွှာပုံစံပါအချက်အလက်နှင့် ပူးတွဲတင်ပြသည့် အထောက်အထားများကိုစိစစ်ခြင်း၊ စားသုံးသူရေးရာဦးစီးဌာနနှင့် ညှိနှိုင်း၍ မြေပြင်အခြေအနေစစ်ဆေးခြင်းများ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊  စီးပွားရေးလုပ်ငန်းရှင်များ ရောင်းချမည့် ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုသည် ဥပဒေတစ်ရပ်ရပ်အရ တားမြစ်ထားသော (သို့မဟုတ်) ကန့်သတ်ထားသော သို့မဟုတ် ဥပဒေတစ်ရပ်ရပ်နှင့် ငြိစွန်းသောကိစ္စရပ်များ၊ အများပြည်သူ၏လုံခြုံမှုကို ထိခိုက်စေနိုင်ခြင်း၊ ဘေးအန္တရာယ်ကင်းရှင်းမှု သို့မဟုတ် လုံခြုံစိတ်ချရမှုမရှိ‌ခြင်း၊ စားသုံးသူအတွက် ရိုးရှင်းမှန်ကန်သော သတင်းအချက်အလက်နှင့် အာမခံချက်မရှိကြောင်းယူဆနိုင်သော ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုဖြစ်ခြင်း၊ ဈေးကွက်အတွင်း ရောင်းချရန် သက်ဆိုင်ရာအစိုးရဌာန၊ အဖွဲ့အစည်းများကခွင့်မပြုခြင်း၊ တားမြစ်ခြင်း၊ မှတ်ပုံတင်လက်မှတ်လျှောက်ထားရာတွင် လျှောက်လွှာပုံစံ၌ အချက်အလက်များ ပြည့်စုံမှန်ကန်စွာဖြည့်သွင်းမှုမရှိခြင်း၊ ပူးတွဲတင်ပြရမည့် အထောက်အထားများနှင့် စပ်လျဉ်း၍ ထိမ်ချန်ခြင်း၊ လိမ်လည်၍တင်ပြခြင်းများတွေ့ရှိပါက ဦးစီးဌာနအနေဖြင့် မှတ်ပုံတင်လက်မှတ်ထုတ်ပေးရန်ငြင်းပယ်ကြောင်း မှတ်ပုံတင်လက်မှတ်လျှောက်ထားသူထံ အကြောင်းကြားခြင်း၊ မှတ်ပုံတင်လက်မှတ်ထုတ်ပေးရန် ငြင်းပယ်ခံရပါက လိုအပ်ချက်များပြန်လည်ပြင်ဆင်၍ ရက်ပေါင်း ၃၀ အတွင်း ဦးစီးဌာနသို့ ပြန်လည်လျှောက်ထားခွင့်ရှိကြောင်း  အသိပညာပေးအကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ကြောင်းသိရှီရပါသည်။

DOCA(ဧရာဝတီ)