၁၄.၁၁.၂၀၂၄ ရက်နေ့ နံနက် (၁၀:၃၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် Nippon Myanmar ကွန်ကရစ်စက်ရုံသို့ ကွင်းဆင်းစစ်ဆေးလေ့လာကြည့်ရှုခဲ့သည်။
ပြည်နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ကွန်ကရစ်တိုင်စတင်ပြုလုပ်ရန်အတွက် ကုန်ကြမ်းများကို ဓာတ်ခွဲစမ်းသပ်မှု၊ ကွန်ကရစ်ဖျော်စပ်မှု၊ ကွန်ကရစ်တိုင်ပြုလုပ်ရန်အတွက် ပုံလောင်းခြင်း၊ ကုန်ချောထုတ်လုပ်ခြင်း၊ အရည်အသွေးစစ်ဆေးခြင်း၊ တံဆိပ်ရိုက်နှိပ်ခြင်း စသည့် ကွန်ကရစ်ဓာတ်တိုင်ပြုလုပ်ပုံအဆင့်ဆင့်ကို လေ့လာကြည့်ရှုခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဦးစီးမှူးက လက်ရှိထုတ်လုပ်နေသည့် ပစ္စည်းအမျိုးအစားနှင့် တစ်နေ့တာထုတ်လုပ်မှုအရေအတွက်တို့ကိုဆွေးနွေးမေးမြန်းရာ လက်ရှိတွင် ကွန်ကရစ်တိုင် အရှည်(၁၀) မီတာ၊ လုံးပတ် (၁၅၀)မှ (၁၉၀) မီလီမီတာ၊ ကွန်ကရစ်တိုင်အရှည်(၁၂) မီတာ၊ လုံးပတ် (၁၅၀)မှ (၁၉၀) မီလီမီတာ၊ ကွန်ကရစ်တိုင်အရှည်(၂၄) မီတာ၊ လုံးပတ် (၁၅၀)မှ (၁၉၀) မီလီမီတာအရှည်ရှိသော ဓာတ်တိုင်များကိုထုတ်လုပ်လျက်ရှိပြီး တစ်နေ့လျှင် အရေအတွက် (၁၂၀) ထုတ်လုပ်နိုင်ကြောင်း၊ ထုတ်ကုန်များကို နိုင်ငံတော်ဖွံ့ဖြိုးရေးအတွက် လိုအပ်သည့်နေရာများသို့ တင်ပို့လျက်ရှိကြောင်း သိရှိရပါသည်။
DOCA(မွန်)