မွန်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် “တန်ဆောင်တိုင်မီးထွန်းပွဲတော်နှင့် MSME ဈေးရောင်းပွဲတော်” ကို (၁၄.၁၁.၂၀၂၄) မှ (၁၆.၁၁.၂၀၂၄) ရက်နေ့ထိ မော်လမြိုင်မြို့၊ မဟာမြတ်မုနိဘုရား၌ စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်ခဲ့ရာ MSME ထုတ်ကုန်ပြခန်းများ၌ မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ ပူးပေါင်းပါဝင်ပြသခဲ့ကြောင်း သိရှိရသည်။
၁၄.၁၁.၂၀၂၄ ရက်နေ့တွင် “တန်ဆောင်တိုင်မီးထွန်းပွဲတော်နှင့် MSME ဈေးရောင်း ပွဲတော်” ဖွင့်ပွဲအခမ်းအနားသို့ မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ စီးပွားရေးလုပ်ငန်းရှင်များတက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။
MSME ထုတ်ကုန်အရောင်းပြခန်းများတွင် ဒေသထွက်သစ်သီးဝလံများ၊ ရိုးရာအဝတ်အထည်များ၊ ဒေသထွက်အစားအစာများ၊ MSME ထုတ်ကုန်များဖြစ်သည့် သဘာဝမြေဩဇာများ၊ မြေပဲဆီများ၊ ဝါးနှင့်ပြုလုပ်သည့်အသုံးအဆောင်ပစ္စည်းများကို ခင်းကျင်းပြသရောင်းချခဲ့ရာ မီးထွန်းပွဲတော်သို့လာရောက်သူများ၊ ဈေးဝယ်သူများနှင့် စည်ကားလျက်ရှိကြောင်း သိရှိရသည်။ MSME ထုတ်ကုန်အရောင်းပြခန်းတွင် ဌာနဆိုင်ရာပြခန်းများ၊ ဒေသထွက်ကုန်များ MSME ထုတ်ကုန်များပြခန်းများ စုစုပေါင်း (၃၆) ခန်းပါဝင်ပြသခဲ့ကြောင်း သိရှိရပါသည်။
DOCA(မွန်)