တောင်ငူမြို့တွင် စည်သွပ်အစားအစာများအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်တာဝန်ခံ ဦးမြင့်သူနှင့် ဒုတိယဦးစီးမှူး ဦးနေစိုးထက်တို့သည် (၁၄-၁၁-၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် တောင်ငူမြို့၌ရောင်းချသော စည်သွပ်အစားအစာများအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ပူးပေါင်းအဖွဲ့များနှင့်အတူ ဆောင်ရွက်ခဲ့ကြပါသည်။

            တောင်ငူမြို့နယ်တာဝန်ခံဦးဆောင်သော ပူးပေါင်းအဖွဲ့သည် တောင်ငူမြို့ မြို့မဈေးကြီး နှင့် Win Mart အရောင်းစင်တာတို့၌ ရောင်းချသော စည်သွပ်အစားအစာများတွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးရာကော်မရှင်၏ ညွှန်ကြားချက်များနှင့်အညီ ကုန်အညွှန်းအမှတ်အသားများဖော်ပြထားခြင်းရှိ/မရှိနှင့် ကုန်အညွှန်းအမှတ်အသားများဖော်ပြချက်များကွဲလွဲမှုရှိ/မရှိတို့ကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာဖော်ပြကြောင်းကို စစ်ဆေးတွေ့ရှိရပါသည်။

         ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ အကြီးတန်းစာရေး ဦးကျော်လင်းထွန်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဈေးခေါင်း-၄ ဦးဆန်းသွင်အောင်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစိုင်းကျော်မျိုးလွင်တို့ဦးဆောင်သော အဖွဲ့ဝင်များ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)