လက်ပံတန်းမြို့နယ်အတွင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

          စားသုံးသူရေးရာဦးစီးဌာန၊    ပဲခူးတိုင်းဒေသကြီး၊    သာယာဝတီခရိုင်၊  လက်ပံတန်းမြို့နယ်၌

 ( ၁၈-၁၁-၂၀၂၄ ) ရက်နေ့၊ နံနက်( ၁၀:၀၀ )နာရီအချိန်တွင် ခရိုင်ဦးစီးမှူး ဦးသန်းစိုး၊ စားသုံး/ထုတ်လုံ

တာဝန်ခံ ဒေါ်ခိုင်ခိုင်ရီ၊ မြို့နယ်တာဝန်ခံ ဦးချစ်ကိုကို၊ ဈေးတာဝန်ခံ ဦးတိုးအောင်၊ ဈေးမိဈေးဖတို့နှင့်ပူးပေါင်း

၍ ကလေးအာဟာရဖြည့်စွက်စာအမျိုးမျိုးရောင်းဝယ်ရေးဆိုင်များသို့သွားရောက်၍ စားသုံးသူကာ

ကွယ်ရေးဥပဒေ အခန်း ( ၁၈ )ပါ ကုန်စည်များပေါ်တွင် ကုန်အညွှန်းအမှတ်အသား‌ဖော်ပြခြင်းနှင့်စပ်

လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ ဖြန့်ဖြူးရောင်းချရန်၊ ကုန်စည်၏

အရည်အသွေး၊ ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးသည့်ရက်စွဲများ၊ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံ

နည်းလမ်းများအားလည်းကောင်း၊ ဥပဒေအခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များကို အထူး

အလေးထားဆောင်ရွက်ရန် အသိပညာပေးဆွေးနွေးဆောင်ရွက်ခဲ့ပြီး ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ

အသိပညာပေးလက်ကမ်းစာ‌စောင်များဖြန့်ဝေခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)