ရွှေတောင်မြို့နယ်တွင်စားသုံးသူအသိပညာပေးဟောပြောပွဲကျင်းပဆောင်ရွက်

Powered by Drupal

            ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ မင်းတဲကျွန်းအုပ်စု၊ မင်းတဲကျွန်းကျေးရွာရှိ (အ.မ.က) မင်းတဲကျွန်းကျောင်းတွင် (၁၁.၁၁.၂၀၂၄)ရက်နေ့ နံနက် (၀၉:၀၀)နာရီမှ (၁၁:၀၀)နာရီအထိ စားသုံးသူရေးရာ ဦးစီးဌာန၊ မြို့နယ်တာဝန်ခံရုံးမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ အားကစားနှင့်လူငယ်ရေးရာဦးစီးဌာနတို့နှင့် ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့ပါသည်။

             အဆိုပါ စားသုံးသူအသိပညာပေးဟောပြောပွဲတွင် ကျောင်းဆရာ/ ဆရာမ နှင့်ကျောင်းသား/ ကျောင်းသူ (၆၃)ဦးတို့အား စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံရုံးမှ ဒု-ဦးစီးမှူး ဒေါ်ဇင်မာချောစုကြည်မှ ကုန်အညွှန်းအမှတ်အသား (၈)ချက်နှင့် ပတ်သက်သော ကုန်စည်၏အမှတ်တံဆိပ်၊ ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းပုံနှင့် သုံးစွဲပုံ၊ ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးမည့်ရက်၊ ကျန်းမာရေးနှင့်ဆိုင်သောဘေးထွက်ဆိုးကျိုးနှင့် ဓါတ်မတည့်ကြောင်းဖော်ပြချက်တို့အား ရှင်းလင်းဆွေးနွေးဟောပြောခဲ့ပါသည်။ ထိုနောက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ငြိမ်းငြိမ်းသန့်မှ လူကုန်ကူးမှုတိုက်ဖျက်ရေးအကြောင်းနှင့် ပုံပြင်များပြောကြားခြင်း၊ တိုင်းရင်းဆေးပညာဦးစီးဌာနမှ ဒေါ်နီလာမြင့်က တားမြစ်ထားသောတိုင်းရင်းဆေးများအကြောင်းနှင့် တိုင်းရင်းဆေးများဝယ်ယူရာတွင် လိုက်နာရမည့်အချက်များအကြောင်းကိုလည်းကောင်း၊ အားကစားနှင့်လူငယ်ရေးရာဦးစီးဌာနမှ ဒေါ်သပြေမှ ကိုယ်လက်လှုပ်ရှားအားကစားများကို အသိပညာပေး ဟောပြောခဲ့ပါသည်။

DOCA(ပဲခူး)