“ ခရမ်းမြို့နယ်ရှိ ဓာတ်မြေဩဇာဖြန့်ဖြူးရောင်းချနေမှုအခြေအနေအား ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခြင်း ”

Powered by Drupal

         ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်ခရမ်းမြို့နယ်ရှိ ဓာတ်မြေဩဇာအရောင်းဆိုင်များသို့ နိုဝင်ဘာလ(၁၄)ရက်နေ့၊ နေ့လယ်(၁၂:၀၀)နာရီအချိန်တွင် ဓာတ်မြေဩဇာပစ္စည်းအမျိုးမျိုးဖြန့်ဖြူးရောင်းချနေသည့် ဈေးနှုန်းအခြေအနေ၊ ပစ္စည်းပြတ်လပ်မှုရှိ/မရှိ ဌာနဆိုင်ရာများပူးပေါင်း၍ ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

        ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ခရမ်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှ ဒု-ရဲမှူးနှင့်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်သမဝါယမဦးစီးဌာနတို့ပူးပေါင်း၍ ခရမ်းမြို့နယ်အတွင်းရှိ ဓာတ်မြေဩဇာပစ္စည်းအမျိုးမျိုးဖြန့်ဖြူးရောင်းချလျက်ရှိသော အပျိုကြီး(ကုန်မာဆိုင်)နှင့် ရွှေကံ့ကော် (ကုန်မာဆိုင်)တို့တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနမှ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေနှင့်မသက်ဆိုင်သည့် စိုက်ပျိုးရေးလုပ်ငန်းများအတွက် ယူရီးယားဓာတ်မြေဩဇာအမျိုးမျိုးအား ရန်ကုန်အထိုင်ရည်ညွှန်းဈေးများ ထုတ်ပြန်ဆောင်ရွက်ပေးလျက်ရှိရာ ၎င်းရည်ညွှန်းဈေးအား ခရမ်းမြို့နယ်အရောက် သယ်ယူစရိတ်အပါ အမြတ်ရာခိုင်နှုန်းအားတွက်ချက်၍ နွေစပါး၊ ပဲ၊ ဆီထွက်သီးနှံစိုက်ပျိုးလျက်ရှိသောတောင်သူများ လက်ဝယ်ဈေးနှုန်းမှန်ကန်စွာ ပြန်လည်ဖြန့်ဖြူးရောင်းချပေးကြရန်နှင့် ဓာတ်မြေဩဇာပစ္စည်းအမျိုးမျိုးပြတ်လပ်မှုမရှိစေရေး ဆွေးနွေးပြောကြားခဲ့ပြီး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရပါသည်။

DOCA(ရန်ကုန်)