စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်တာဝန်ခံ ဦးမြင့်သူသည် တောင်ငူမြို့၊ အမှတ်(၂)ရဲစခန်း၊ စခန်းမှူး ရဲအုပ်ကောင်းဟန်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဈေးခေါင်း(၄) ဦးဆန်းသွင်အောင်၊ အမှတ်(၁၆)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်တို့နှင့်အတူ နိုဝင်ဘာလ ၂၀ရက်နေ့၊ နေ့လယ်ပိုင်းတွင် တောင်ငူမြို့၊ မြို့မဈေးကြီးနှင့် ဈေးလမ်းရှိစားသုံးဆီအရောင်းဆိုင်များသို့သွားရောက်၍ အမှတ်တံဆိပ်ပါ စားသုံးဆီများတွင် ကုန်အညွှန်းအမှတ်အသားများအား ဥပဒေပြဋ္ဌာန်းချက်များ၊ အမိန့်၊ ညွန်ကြားချက်များနှင့်အညီ ဖော်ပြထားခြင်းရှိ/မရှိကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။
ထိုသို့စစ်ဆေးရာတ္ငင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံသည် ကုန်အညွှန်းအမှတ်အသားများကို ညွှန်ကြားချက်များနှင့်အညီဖော်ပြသော စားသုံးဆီများကိုသာရောင်းချရန်၊ ဟင်းသီးဟင်းရွက်ဆီများကို ရောနှောဆီအဖြစ်ရောစပ်ရာတွင် အမျိုးအစားနှစ်မျိုးသာရောစပ်ရန်၊ ရောစပ်ရာတွင် ဟင်းသီးဟင်းရွက်ဆီတစ်မျိုးသည် အနည်းဆုံး ၄၀ရာခိုင်နှုန်းဖြစ်ရန်၊ မည်သည့်အနံ့မျှ ထည့်သွင်းခြင်းမပြုရန်၊ တိရစ္ဆာန်အဆီနှင့် ဝါစေ့ဆီကြမ်းတို့ကို ရောနှောဆီအဖြစ်အသုံးမပြုရန်နှင့် ညွှန်ကြားချက်များကို တိကျစွာလိုက်နာဆောင်ရွက်ကြရန် အသိပညာပေးဆွေးနွေးခဲ့ပါသည်။
စားသုံးဆီအမျိုးမျိုးသည် နေ့စဉ်စားသောက်မှုတွင် မပါမဖြစ် ထည့်သွင်းအသုံးပြုရသည့် အဓိကကုန်စည်ဖြစ်ခြင်းကြောင့်လည်းကောင်း၊ သတ်မှတ်ထားသည့် စံချိန်စံညွှန်းများနှင့် ကိုက်ညီမှုမရှိသော ဆီများကိုစားသုံးမိပါက စားသုံးသူကို ဘေးအန္တရာယ်ဖြစ်စေနိုင်ခြင်းကြောင့်လည်းကောင်း၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မဖြစ်မနေဖော်ပြရန်လိုအပ်သည့် ကုန်အညွှန်းအမှတ်အသားဆိုင်ရာအချက်များကို ဖော်ပြခြင်းမပြုပါက စားသုံးသူများအတွက် ယင်းတို့၏လိုအပ်ချက်နှင့်ကိုက်ညီသည့် စားသုံးဆီများကိုရွေးချယ်ဝယ်ယူရန် အခက်အခဲဖြစ်နိုင်ခြင်းကြောင့်လည်းကောင်း စားသုံးဆီများကို အထူးဦးစားပေး စစ်ဆေးဆောင်ရွက်ရန် လိုအပ်လျက်ရှိကြောင်းသိရပါသည်။
DOCA(ပဲခူး)