စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၏ ရည်ညွှန်းချက်အရ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံး၏ လမ်းညွှန်မှုနှင့်အညီ ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်အတွင်းရှိ ဆန်ဆိုင်များသို့ နိုဝင်ဘာလ (၁၈)ရက်နေ့၊ နေ့လယ် (၁၄:၀၀)နာရီအချိန်တွင် ဆန်ဖြန့်ဖြူးရောင်းချနေမှုအခြေအနေအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မြို့နယ်စည်ပင်သာယာအဖွဲ့မှ မြို့မဈေးတာဝန်ခံနှင့် ဝန်ထမ်းများ၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံဒေါ်ကျော့ကေခိုင်နှင့် ဝန်ထမ်းများသည် အခြေခံစားသောက်ကုန်ပစ္စည်းများထဲမှ စားသုံးသူပြည်သူများ၏ အဓိကစားကုန်တစ်ခုဖြစ်သောဆန်ဈေးနှုန်းများသည် အောက်တိုဘာလအစောပိုင်းအထိ တည်ငြိမ်လျက်ရှိပြီး လက်ရှိအချိန်တွင်ဈေးနှုန်းမြှင့်တင်ရောင်းချနေကြောင်း အချို့ဒေသများ၏ စားသုံးသူများထံမှသိရှိ လာရပါသဖြင့် ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး၏ ညွှန်ကြားလာမှုအပေါ် ခရမ်းမြို့နယ် စည်ပင်သာယာမြို့မဈေးအတွင်းအပြင်နှင့် ရပ်ကွက်များရှိ ဆန်ဖြန့်ဖြူးရောင်းချပေးလျက်ရှိသော မြို့မဈေးအတွင်းအပြင်ရှိ ကရင်ကန်ဆန်ဆိုင်၊ ပြည့်ဝဆန်ဆိုင်နှင့် အမှတ်(၂)ရပ်ကွက်ရှိ ဒေါ်သောင်းသောင်းဆန်ဆိုင်နှင့် ရွှေခြင်္သေ့ဆန်ဆန်၊ အမှတ်(၃)ရပ်ကွက်ရှိ ငြိမ်းချမ်းရေးဆန်စက်၊ အမှတ်(၁၂)ရပ်ကွက်ရှိ အပျိုကြီးဆန်ဆိုင်များသို့ သွားရောက်မေးမြန်းစုံစမ်းခဲ့ရာတွင် ၎င်းဆန်ဆိုင် များမှ စားသုံးသူလက်ဝယ်သို့ ဖြန့်ဖြူးရောင်းချပေးလျက်ရှိသော ဆန်အမျိုးအစားများအားလုံးသည် နိုဝင်ဘာလအတွက် သတ်မှတ်ထားသောရည်ညွှန်းဈေးဖြင့် ပိုမိုဖြန့်ဖြူးရောင်းနေခြင်းများမတွေ့ရှိရပဲ သတ်မှတ်ရည်ညွှန်းဈေးများဖြင့်သာ ဆန်အမျိုးအစားအလိုက်ဈေးနှုန်းတည်ငြိမ်လျက်ရှိကြောင်း ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေး တွေ့ရှိရပါသည်။
DOCA(ရန်ကုန်)