“ကွမ်းခြံကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ အသိပညာဟောပြောခြင်း”

Powered by Drupal

              ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်မှ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် မြို့နယ်တွင် စားသုံးသူပြည်သူများအသိပညာပေးဟောပြောခြင်း၊ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျှက်ရှိရာ နိုဝင်ဘာလ(၁၈)ရက်နေ့၊ နေ့လယ်(၁၂:၀၀)နာရီအချိန်တွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။

             ထိုသို့အသိပညာပေးဟောပြောပွဲများပြုလုပ်ခဲ့ရာတွင် ကွမ်းခြံကုန်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နိုဝင်ဘာလထဲတွင်ဆရာ၊ ဆရာမ၊ ဝန်ထမ်းများ၊ စာကြည့်တိုက်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရန်၊ ကျောင်းစာကြည့်တိုက်များ လူဦးရေများပြားလာစေရန်နှင့် စာအုပ်စာတမ်းများစုစည်းခြင်း၊ စာရင်းပြုစုခြင်းနှင့်မျိုးတူစာအုပ်များပေါင်းစပ်ခြင်းစသည့် ပြည်သူများအသိပညာဗဟုသုတများ တိုးပွားစေရန်ရည်ရွယ်၍ အခြေခံစာကြည့်တိုက်များ ဆင့်ပွားသင်တန်းဖွင့်လှစ်ပို့ချရာတွင် ၎င်းသင်တန်းကို စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်နွယ်နွယ်အေးသည် အွန်လိုင်းမှတစ်ဆင့်ဝယ်ယူခြင်းနှင့်စပ်လျဉ်း၍ သိကောင်းစရာများနှင့် အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းများ မှတ်ပုံတင်လျှောက်ထားခြင်းများပတ်သတ်၍ သိသင့်သိထိုက်သည့်အချက်များကို ဆွေးနွေးဟောပြောခဲ့ပါသည်။

               အွန်လိုင်းစနစ်ဖြင့်ဝယ်ယူခြင်းနှင့် စပ်လျဉ်း၍ အွန်လိုင်းစနစ်ရောင်းချခြင်းဆိုင်ရာ အမိန့် ကြော်ငြာစာများအားသာချက်များ၊ အားနည်းချက်များ၊ လိမ်လည်မှုပုံစံများ၊ စိစစ်ဝယ်ယူသင့်သည့်အချက်အလက်များ၊ သက်ဆိုင်ရာဌာနများ၏ဆောင်ရွက်မှုများ၊ တိုင်ကြားနိုင်သည့်နည်းလမ်းများ၊ အွန်လိုင်းစနစ်ဖြင့်ရောင်းချရာတွင် မှတ်ပုံတင်လျှောက်ထားရမည့်အချက်အလက်များ၊ မှတ်ပုံတင်ထားသည့် အွန်လိုင်းရောင်းချမှုလုပ်ငန်းမှဈေးဝယ်ယူခြင်းဖြင့် ရရှိမည့် အကျိုးရလဒ်များအကြောင်းတို့ကို ဟောပြောဆွေးနွေးခဲ့ပြီး ၎င်းဟောပြောပွဲကို ဆရာ၊ ဆရာမ (၂၀)ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိရပါသည်။

DOCA(ရန်ကုန်)