“ကော့မှူးမြို့နယ်စည်ပင် သာယာမြို့မဈေးအတွင်းအပြင်နှင့်ရပ်ကွက်များရှိ ဆန်ဆိုင်များသို့ဆန်ရောင်းချနေမှုအခြေအနေကွင်းဆင်းစစ်ဆေးခြင်း”

Powered by Drupal

            ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်စည်ပင်သာယာမြို့မဈေးအတွင်း/ အပြင်နှင့် ရပ်ကွက်များရှိ ဆန်ဆိုင်များသို့ နိုဝင်ဘာလ (၁၈)ရက်နေ့၊ နေ့လယ်(၁၂:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၏ ညွှန်ကြားချက်နှင့် အညီ ဆန်ဖြန့်ဖြူးရောင်းချနေမှုအခြေအနေအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

             ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့မဈေးတာဝန်ခံဦးအေးသွင်နှင့် ဝန်ထမ်းများ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံဦးတင်မင်းတို့သည် စည်ပင်သာယာမြို့မဈေးအတွင်းရှိ ရုံ(ဈ)အမှတ် (၁၉/၂၀) မိဘရိပ်ဆန်ဆိုင်၊ ရုံ(င)အမှတ်(၃/၄) ဒေါ်မူဆန်ဆိုင်နှင့် တောင်ပိုင်းရပ်ကွက်ရှိ ရွှေနဂါးဆန်စက်ရှိ စီးပွားရေးလုပ်ငန်းရှင်များနှင့် သွားရောက်တွေ့ဆုံ၍ ရန်ကုန်တိုင်းဒေသကြီးအတွင်းနှင့် အချို့ဒေသများတွင် အောက်တိုဘာလ အစောပိုင်းအချိန်ထိ ဆန်ဈေးနှုန်းများတည်ငြိမ်လျက်ရှိပြီး ယခုလက်ရှိအချိန်တွင် ဈေးနှုန်းမြှင့်တင်ရောင်းချနေခြင်းများရှိနေသဖြင့် မိမိတို့အနေဖြင့် ဆန်ဈေးနှုန်းများမတည်မငြိမ် ဖြစ်စေရန်ရည်ရွယ်ချက်ရှိရှိဖြင့် သိုလှောင်ထားခြင်းများမပြုလုပ်ကြရန် ဆွေးနွေးပြောကြားခဲ့ပြီး လက်ရှိဖြန့်ဖြူးရောင်းချလျက်ရှိသော ဆန်အမျိုးအစားအလိုက်ဈေးနှုန်းများအား မေးမြန်းစုံစမ်းစာရင်းကောက်ယူခဲ့ရာတွင် သတ်မှတ်ရည်ညွှန်းဈေးများဖြင့်သာ ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း မြေပြင်ကွင်းဆင်းစစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)