အခြေခံစားသောက်ကုန်ဈေးနှုန်းများအား ကွင်းဆင်းမေးမြန်းခြင်း

Powered by Drupal

      ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့ မြို့မဈေးအတွင်း/အပြင်ရှိ ကုန်စုံဆိုင်များကို ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် သာယာဝတီခရိုင်ဦးစီးမှူးကြီးကြပ်ကာ ခရိုင်ဦးစီးမှူးရုံးရှိ ဝန်ထမ်းများက ဈေးကွက်အတွင်းသို့ နေ့စဉ်သွားရောက်စစ်ဆေးလျက်ရှိရာ (၂၀-၁၁-၂၀၂၄)ရက်နေ့၊ နံနက်ပိုင်းတွင် အခြေခံစားသောက်ကုန်ရောင်းချနေမှုအခြေအနေများကိုသိရှိရန် ကွင်းဆင်းစစ်ဆေးမှုပြုလုပ်ခဲ့သည်။

          ထိုသို့စစ်ဆေးရာတွင် မြို့မစည်ပင်သာယာဈေးအတွင်း ရောင်းချလျက်ရှိသော ဆန်၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ အခြေခံစားကုန်ဈေးနှုန်းများကို ဒေသတွင်းထုတ်လုပ်နိုင်မှု အပေါ်အခြေခံသော သင့်တင့်သည့်ဈေးနှုန်းအတိုင်း မြေပြင်တွင် အမှန်တကယ်ရောင်းချခြင်းရှိ/မရှိနှင့် စားသုံးဆီများရောင်းချရာတွင်လည်း အချင်အတွယ်မှန်ကန်စွာရောင်းချရန်နှင့် ဈေးနှုန်းအဆမတန်မြှင့်တင်ရောင်းချခြင်းမပြုလုပ်စေရန် ဈေးနှုန်းကောက်ယူကွင်းဆင်းစစ်ဆေးခြင်းပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)