ကျိုက်လတ်မြို့နယ်တွင် ဈေးကွက်အတွင်းရောင်းချနေသော ဟင်းခတ်အမွှေးအကြိုင်များအား ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုရှိ/ မရှိ ကွင်းဆင်းစိစစ်

Powered by Drupal

              ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးမိုးမင်းသန်းနှင့် ဝန်ထမ်းတို့သည် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့ဖြင့် ဈေးကွက်အတွင်းရောင်းချနေသော ဟင်းခတ်အမွှေးအကြိုင်များအား၂၀၂၄ခုနှစ်၊ နိုဝင်ဘာလ(၁၈)ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုရှိ/ မရှိ ကွင်းဆင်းစိစစ်ခဲ့ကြပါသည်။

             ကွင်းဆင်းစိစစ်မှုတွင် ရောင်းချနေသောဟင်းခတ်အမွှေးအကြိုင်များ၌ မြန်မာစာဖော်ပြထားရှိမှု၊ သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်များဖော်ပြထားရှိမှု၊ သက်တမ်းလွန်ကာလဖော်ပြထားရှိမှု၊ မှတ်ပုံတင်ထားရှိမှုအခြေအနေနှင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားရှိမှုတို့အား ကွင်းဆင်းစိစစ်ခဲ့ကြောင်းသတင်းရရှိပါသည်။

DOCA(ဧရာဝတီ)