ပြည်ခရိုင်အတွင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ

Powered by Drupal

             စားသုံးသူပြည်သူများအား ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ဘေးအန္တရာယ်ရှိသောကုန်စည်များ ဈေးကွက်အတွင်းမှပပျောက်စေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပြဌာန်းချက်ပါ ကုန်စည်များတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ဖေါ်ပြထားမှုအခြေအနေတို့နှင့် စပ်လျဉ်း၍ သက်ဆိုင်ရာမိတ်ဖက်ဌာနများနှင့် ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ (၁)ရက်နေ့မှ (၁၅)ရက်နေ့အတွင်းတွင် ပြည်ခရိုင်၊ ပြည်မြို့တွင် ခေတ္တရာရပ်ကွက်ရှိ ကုန်စုံဆိုင်များသို့ ကလေးအာဟာရဖြည့်စွက်စာအမျိုးမျိုးကိုလည်းကောင်း၊ ရွှေတောင်မြို့တွင် ကြာနီကန်ရပ်ကွက်နှင့် ယွန်းတန်းရပ်ကွက်ရှိ ကုန်စုံဆိုင်များသို့ ကလေးအာဟာရဖြည့်စွက်စာအမျိုးမျိုးကိုလည်းကောင်း၊ ပန်းတောင်းမြို့တွင် ဆင်တဲဒေသကုန်စုံဆိုင်နှင့် ဥသျှစ်ပင်ဒေသဆေးဆိုင်များသို့ ကလေးအာဟာရဖြည့်စွက်စာ အမျိုးမျိုးကိုလည်းကောင်း၊ ဆင်တဲဈေးနှင့်ဥသျှစ်ပင်ဈေးများသို့ စားသုံးဆီအမျိုးမျိုးကိုလည်းကောင်း၊ ပေါက်ခေါင်းမြို့တွင် အမှတ်(၃)ရပ်ကွက်ရှိ ကုန်စုံဆိုင်များသို့ စားသုံးဆီအမျိုးမျိုးကိုလည်းကောင်း၊ သက်ဆိုင်ရာမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည်သွားရောက်၍ ကုန်အညွှန်းအမှတ်အသားပါ သတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိသောကုန်စည်များကို တင်သွင်းရောင်းချခြင်းရှိ/ မရှိ၊ သက်ဆိုင်ရာဌာန၏ ထောက်ခံမှုရှိ/ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါကြောင်းနှင့် စောင့်ကြည့်စစ်ဆေးခဲ့သည့် ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားဖေါ်ပြချက်များနှင့် ကိုက်ညီမှုရှိပါကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)