ပြည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများအဖွဲ့သည် (၁၃-၁၁-၂၀၂၄)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်၌ ဝက်ထီးကန်မြို့နယ်အတွင်းရှိ ဈေးဆိုင် များ၊ စတိုးဆိုင်များတွင်ရောင်းချနေသော အလှကုန်နှင့် ဆေးအမျိုးမျိုးရောင်းချကြသည့် ဆိုင်များသို့သွားရောက်၍ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးအတွက်ရည်ရွယ်၍ ကွင်းဆင်းစစ်ဆေးခဲ့ခြင်းများပြုလုပ်ခဲ့ပါသည်။
ထိုသို့ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်းဆောင်ရွက်ရာတွင် မိတ်ဖက်ဌာနဆိုင်ရာများဖြစ်သော ခရိုင်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်တိရိစ္ဆာန်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ ထိုသို့စစ်ဆေးရာတွင် ကုန်အညွှန်းအမှတ်အသားပါဝင်မှုရှိ/မရှိစစ်ဆေးခြင်း၊ သက်တမ်းလွန်အလှကုန်နှင့် ဆေးဝါးများရောင်းချနေခြင်းရှိ/မရှိစစ် ဆေးခြင်း၊ သက်တမ်းလွန်အလှကုန်နှင့် ဆေးဝါးများကိုတွေ့ရှိ၍ ဖျက်ဆီးသိမ်းဆည်းစေခြင်း၊ ဆေးအမျိုးမျိုးရောင်းချကြသောဆိုင်များတွင် အပူချိန်တိုင်းကိရိယာတပ်ဆင်ထားရှိခြင်းများ ရှိ/မရှိစစ်ဆေးခြင်း၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)၌ပါရှိသော ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာပါရှိခြင်းမရှိသော အလှကုန်နှင့်ဆေးအမျိုးအမျိုး၊ ဆေးနှင့်ဆက်စပ်ပစ္စည်းများ၊ ကလေး/လူကြီး အာဟာရဖြည့်စွက်စာများနှင့် သက်တမ်းလွန် လူသုံးကုန်၊ စားသောက်ကုန်ပစ္စည်းများကို ဆက်လက်ရောင်းချခြင်းမပြုလုပ်ရန် သတိပေးဆွေးနွေးပြောကြားခြင်းများပြုလုပ်၍ နံနက် (၁၁:၃၀)နာရီအချိန်တွင် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကိုရပ်နားခဲ့ကြောင်းသိရပါသည်။
DOCA(ပဲခူး)