မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနရှိ ဝန်ထမ်းများသည် စားသုံးသူများဘေးအန္တရာယ်ကင်းစေရန်အတွက် ၂၀၂၄ခုနှစ်၊ နိုဝင်ဘာလ(၁၄)ရက်နေ့၊ နံနက်(၁၁း၀၀)အချိန်တွင် မြိတ်မြို့၊ မြစ်ငယ်ရပ်၊ ဗဟိုလမ်းရှိ ရွှေပြည်အေး အအေးနှင့်မုန့်မျိုးစုံလုပ်ငန်းသို့ သွားရောက်၍ လုပ်ငန်းရှင်နှင့် တွေ့ဆုံကာ ကုန်အညွှန်းအမှတ်အသားဖော်ပြပါရှိစေရေး တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
ကွင်းဆင်းစစ်ဆေးရာတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြပါရှိစေရေး၊ ကုန်အညွှန်းအမှတ်အသားပါရှိခြင်းကြောင့် ရရှိလာမည့်ကောင်းကျိုးများ၊ အစားအသောက်သန့်ရှင်းသပ်ရပ်မှုကို အလေးထား ၍ ထုတ်လုပ်ရောင်းချရန်နှင့် စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရန်အချက်အလက်တို့ကို ရှင်းလင်းပြောကြားခြင်း၊ အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေပေးခြင်းနှင့် သက်တမ်းလွန်စားသောက်ကုန်များ ရောင်းချခြင်းမပြုရန် ပြောကြားခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။
DOCA(တနင်္သာရီ)