Main menu

မြိတ်မြို့၊ မြစ်ငယ်ရပ်တွင် ရွှေပြည်အေးအအေးနှင့်မုန့် လုပ်ငန်းရှင်နှင့်တွေ့ဆုံကာ ကုန်အညွှန်းအမှတ်အသားပါရှိစေရေး တွေ့ဆုံဆွေးနွေး

Powered by Drupal

     မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနရှိ ဝန်ထမ်းများသည် စားသုံးသူများဘေးအန္တရာယ်ကင်းစေရန်အတွက် ၂၀၂၄ခုနှစ်၊ နိုဝင်ဘာလ(၁၄)ရက်နေ့၊ နံနက်(၁၁း၀၀)အချိန်တွင် မြိတ်မြို့၊ မြစ်ငယ်ရပ်၊ ဗဟိုလမ်းရှိ ရွှေပြည်အေး အအေးနှင့်မုန့်မျိုးစုံလုပ်ငန်းသို့ သွားရောက်၍ လုပ်ငန်းရှင်နှင့် တွေ့ဆုံကာ  ကုန်အညွှန်းအမှတ်အသားဖော်ပြပါရှိစေရေး တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

     ကွင်းဆင်းစစ်ဆေးရာတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြပါရှိစေရေး၊  ကုန်အညွှန်းအမှတ်အသားပါရှိခြင်းကြောင့် ရရှိလာမည့်ကောင်းကျိုးများ၊ အစားအသောက်သန့်ရှင်းသပ်ရပ်မှုကို အလေးထား ၍ ထုတ်လုပ်ရောင်းချရန်နှင့် စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရန်အချက်အလက်တို့ကို ရှင်းလင်းပြောကြားခြင်း၊ အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေပေးခြင်းနှင့် သက်တမ်းလွန်စားသောက်ကုန်များ ရောင်းချခြင်းမပြုရန် ပြောကြားခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။

DOCA(တနင်္သာရီ)