မကွေးမြို့၊ ကံပြားကျေးရွာ၊ အစိုးရနည်းပညာအထက်တန်းကျောင်း၌ စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေးဟောပြောဆွေးနွေး

Powered by Drupal

       မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဌာနခွဲတာဝန်ခံများနှင့်ဝန်ထမ်းသည် (၁၉-၁၁-၂၀၂၄)ရက်နေ့၊ နေ့လယ်(၁၄:၀၀)နာရီအချိန်တွင် မကွေးမြို့၊ ကံပြားကျေးရွာ၊ အစိုးရ နည်းပညာအထက်တန်းကျောင်း၌ စားသုံးသူများအသိပညာတိုးပွားစေရေး၊ စားသုံးသူပြည်သူများ စားသုံးသူကာကွယ်ရေးအကြောင်းကို ကျယ်ကျယ်ပြန့်ပြန့်သိရှိစေနိုင်ရန်၊ ကုန်စည်၊ ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ နစ်နာဆုံးရှုံးမှုဖြစ်ပေါ်ပါက မိမိတို့၏ရပိုင်ခွင့်၊ တောင်းဆိုပိုင်ခွင့်၊ အခွင့်အရေးများကိုသိရှိနားလည်ပြီး တောင်းဆို၍ ကုစားခွင့်များရရှိစေရေး၊ ဘေးကင်းလုံခြုံမှုရှိသောကုန်စည်များကို ရွေးချယ်ဝယ်ယူစားသုံးတတ်စေရေးရည်ရွယ်၍ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောဆွေးနွေးခဲ့ကြောင်းသိရသည်။

        အဆိုပါဟောပြောဆွေးနွေးပွဲတွင် စားသုံးသူရေးရာဌာနခွဲတာဝန်ခံက စားသုံးသူများရရှိမည့်အခွင့်အရေးနှင့် အခွင့်အရေးအတွက် ချိုးဖောက်ခံရလျှင် နစ်နာဆုံးရှုံးမှုများအတွက် မည်သို့ကုစားခွင့်ရရှိမည်အကြောင်းကိုလည်းကောင်း၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံက အွန်လိုင်းမှတစ်ဆင့်ဝယ်ယူခြင်းနှင့်စပ်လျဉ်း၍ သိကောင်းစရာများအကြောင်းကိုလည်းကောင်း အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာသည့်ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများအား စားသုံးသူအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)