စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးမြသန်းနိုင်(လက်ထောက်ကြီးကြပ်ရေးမှူး)နှင့် ဝန်ထမ်းများသည် နိုဝင်ဘာလအတွက် သင့်တင့်မျှတသောဆန်ဈေးကွက်ဈေးနှုန်းဖြင့် ပြည်တွင်းစားသုံးသည့် ဆန်ဈေးနှုန်းများသည် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် MRF မှ သတ်မှတ်ထုတ်ပြန်ထားသည့် ဈေးနှုန်းများအပေါ် ဈေးနှုန်းမြှင့်တင်ရောင်းချမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်၊၊
ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာ၌ ၁၉-၁၁-၂၀၂၄ ရက်နေ့တွင် သင်္ဃန်းကျွန်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်၊ ငမိုးရိပ်စံပြဈေးရှိ ဆန်ဆိုင် (၅)ဆိုင်တို့ရှိ ရွှေဘိုပေါ်ဆန်း၊ ရက်(၉၀)၊ ပေါ်ဆန်း(ရိုးရိုး)၊ မနောသုခ၊ တောင်ပျံ စသည့်ဆန်ဈေးနှုန်းများကို အသင်းမှသတ်မှတ်ထားသည့် ဈေးနှုန်းများအပေါ် ဈေးမြှင့်တင်ရောင်းချခြင်းရှိ/မရှိကိုကွင်းဆင်းစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများအား စားသုံးသူပြည်သူများသို့ ဆန်များရောင်းချရာတွင် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမပြုရန်နှင့် သင့်တင့်မျှတသော ဈေးနှုန်းဖြင့်သာရောင်းချပေးရန် အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)