ရည်ညွှန်းဈေးနှင့် သတ်မှတ်သည့်ဆန်ဈေးနှုန်း ကြီးမြင့်စွာရောင်းချမှုမရှိစေရေး ကွင်းဆင်းကြပ်မတ်အသိပညာပေးမှုများဆောင်ရွက်လျက်ရှိ

Powered by Drupal

        အကြီးအကဲ၏ လမ်းညွှန်မှာကြားချက်အရ စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်၊ အမှတ် (၆)၊ လှည်းတန်း (၂)လမ်း၊ (၃) ရပ်ကွက်ရှိ  ရွှေလင်းယုန်ဆန်ရောင်းဝယ်ရေးသို့ လှည်းတန်းဈေးမှ ဈေးတာဝန်ခံ ဦးမိုးကျော်အောင်နှင့်သွားရောက်ခဲ့ရာပြီး မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးဈေးမှ ဈေးတာဝန်ခံ ဒေါ်အေးမူခင်နှင့်ပူးပေါင်းပြီး ဆန်ရောင်းချမှုအခြေအနေများကို ကွင်းဆင်းအသိပညာပေးမှုများအား  ၁၉-၁၁-၂၀၂၄ ရက်နေ့တွင်သွားရောက်၍ ကွင်းဆင်း အသိပညာပေးမှုများဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

          ထိုသို့ ကွင်းဆင်းအသိပညာပေးရာတွင် ဆန်ဆိုင်များရှိ ရောင်းချနေသောဆန်များသည် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှသတ်မှတ်ထားသော ရည်ညွှန်းဈေးနှုန်းများအတိုင်း ရောင်းချခြင်းရှိ/မရှိနှင့် ဆန်ဈေးနှုန်းကြီးမြင့်မှုမဖြစ်ပေါ်စေရေးအတွက် ဈေးကစားရန်အလို့ငှာ ဆန်များသိုလှောင်ထားခြင်းရှိ/မရှိတို့ကိုစစ်ဆေးခဲ့ကြပြီး လိုက်နာမှုမရှိသော လုပ်ငန်းရှင်များကို အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း အသိပညာပေးဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)