အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းနှင့်စပ်လျဉ်း၍ အသိပညာပေး ဆွေးနွေးဟောပြော

Powered by Drupal

             စားသုံးသူရေးရာဦးစီးဌာန ၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး ဦးဇော်မင်းသည် ခရိုင်ဦးစီးမှူးရုံး၌ ၂၀၂၄ ခုနှစ် ၊ နိုဝင်ဘာလ ၁၅ ရက်နေ့တွင်နံနက် (၁၀:၃၀) နှာရီချိန်တွင် အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းနှင့်စပ်လျဉ်း၍ လုပ်ငန်းရှင်များအား အသိပညာပေးဟောပြော ဆွေးနွေးခဲ့ကြောင်းသိရသည်။

             ထိုသို့ ဆွေးနွေးရာတွင် စားသုံးသူ၏အဓိပ္ပာယ်၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းအဓိပ္ပါယ်၊ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ အွန်လိုင်းလုပ်ငန်းများအားစိစစ်သင့်သည့် အချက်များ၊ အွန်လိုင်းမှမှာယူသုံးစွဲရာတွင် စိစစ်သင့်သည့်အချက်များ၊ အွန်လိုင်းမှ ကုန်စည်ဝယ်ယူရာတွင် အားသာချက်၊ အားနည်းချက်များ၊ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ ဌာနများ၏ ဆောင်ရွက်မှုများ၊ မှတ်ပုံတင်ထားသည့် အွန်လိုင်းရောင်းချမှု လုပ်ငန်းများမှ ဈေးဝယ်ယူခြင်းဖြင့် ရရှိလာမည့်အကျိုးရလဒ်များ၊ လိမ်လည်မှုပုံစံ (၂) မျိုးဖြင့် လိမ်လည်နိုင်ကြောင်း၊ အွန်လိုင်းမှ ဝယ်ယူမှုများအတွက် နစ်နာဆုံးရှုံးမှုများရှိခဲ့လျှင်လည်း နည်းလမ်း (၅) မျိုးဖြင့် တိုင်ကြားနိုင်ပါကြောင်း၊ တိုင်ကြားရာတွင်လည်း မိမိတို့ဌာနမှ စေ့စပ်ညှိနှိုင်းဖြေရှင်းပေးခြင်း၊ စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူခြင်းစသည့် နည်းလမ်း (၂) မျိုးဖြင့် ဖြေရှင်းပေးပါကြောင်းပြောကြားခဲ့ရာ အသိပညာပေးပွဲသို့ စားသုံးသူ (၁၅) ဦး တက်ရောက် ပြီး နံနက် ( ၁၁:၃၀ ) နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA( မန္တလေး)