မင်္ဂလာတောင်ညွှန့်မြို့နယ် ကြက်/ဘဲဈေးဒိုင် ဈေးကွက်စုံစမ်းခြင်း

Powered by Drupal

             ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ ကြီးကြပ်မှုအောက်ရှိ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ အထက်ပုဇွန်တောင်လမ်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်ရှိ ကြက်/ဘဲဈေးဒိုင်မှ စားသုံးသူပြည်သူများသို့ နေ့စဉ် ကြက်/ဘဲများကို လက်လီ/ လက်ကား ရောင်းချပေးလျက်ရှိကြောင်း သိရှိရပါသည်။

            ရန်ကုန်အရှေ့ပိုင်းခရိုင်၊ စားသုံးသူရေးရာဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၂၂.၁၁.၂၀၂၄) ရက်နေ့တွင် မင်္ဂလာတောင်ညွှန့်မြို့နယ်ရှိ ကြက်/ဘဲဈေးဒိုင်သို့ သွားရောက်၍ ရောင်းချလျက်ရှိသော ကြက်/ဘဲ ဈေးနှုန်းများအား ဈေးကွက်ဈေးနှုန်းစုံစမ်းခြင်းများပြုလုပ်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ ခြံဖမ်းဈေးစနစ်ဖြင့်လည်းကောင်း၊ အခြားတိုင်းနှင့်ပြည်နယ်များမှ အရောက်ပို့စနစ်ဖြင့်လည်းကောင်း တင်ပို့ရောင်းချလျက်ရှိပါသည်။

         ထိုသို့ပြန်လည်ရောင်းချလျက်ရှိသော ကြက်/ဘဲဈေး (အကောင်ပြတ်) ဈေးနှုန်းများမှာ ဗမာ ကြက် ၁ ပိဿာ လျှင် (၂၈၀၀၀-၂၈၅၀၀)ကျပ်ထိလည်းကောင်း၊ အသားတိုးကြက် ၁ ပိဿာလျှင်  (၁၁၂၀၀-၁၃၇၀၀) ကျပ်ထိလည်းကောင်း၊ မွေးမြူရေး ကြက် (ထီး/မ) ၁ ပိဿာ လျှင် (၁၃၂၀၀-၂၀၀၀၀) ကျပ်ထိ လည်းကောင်း၊ ချယ်ရီဘယ်ရီ ဘဲ ၁ ပိဿာလျှင် (၁၅၀၀၀-၁၉၀၀၀) ကျပ်ထိလည်းကောင်း ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ‌တစ်ရက်လျှင် ကုန်ချိန် (၆၈၁၈၀) ပိဿာခန့်အဝင်ရှိကြောင်းနှင့် ရောင်းချနေကြောင်းသိရှိရပါသည်။

             မွေးမြူရေးခြံများတွင် ကြက်သားပေါက်လက်ကျန်နည်းပါးခြင်းကြောင့် ဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တက်နေခြင်းဖြစ်ကြောင်း ကြက်ဘဲဈေးဒိုင်တာဝန်ခံမှ သိရှိရပါသည်။

 DOCA(ရန်ကုန်)