မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် စိုက်ပျိုးရေးကိုအဓိကထား၍ စီးပွားဖြစ်စိုက်ပျိုးလုပ်ကိုင်ကြရာ ယခုနှစ်၌ ရာသီမရွေးစိုက်ပျိုးနိုင်သော ကြက်ဟင်းခါးသီးများ စျေးကောင်းရရှိ၍ စိုက်ပျိုးသူများလာကြောင်း ကလိုင်းကနိုင်ကျေးရွာမှ တောင်သူဦးဇော်လင်းထံမှသိရသည်။
အဆိုပါ ကြက်ဟင်းခါးသီးများကို စက်တင်ဘာလမှ စတင်စိုက်ပျိုးကြပြီး ကြက်ဟင်းခါးပင်ကို အစေ့မှပျိုး၍ အညွန့်တက်လာပါက စင်တင်ပေးကာ စနစ်တကျစိုက်ပျိုးကြပြီး နိုဝင်ဘာလ၊ ပထမအပတ်မှစတင်ကာ ခူးဆွတ်နိုင်ပြီး ယခုအချိန်၌ ကြက်ဟင်းခါးသီးတစ်လုံးလျှင် (၈၀၀) ကျပ်မှ (၁၀၀၀) ကျပ်ထိရသဖြင့် တစ်နေ့ခူးလျှင် အလုံးရေ (၄၀၀) မှ (၅၀၀) ထိခူးနိုင်ပြီး သုံးရက်ခြားတစ်ကြိမ် ခူးရပြီး ဝင်ငွေ (၃၀၀၀၀၀) ကျော်ခန့်ရသဖြင့် တစ်နှစ်ပတ်လုံး စိုက်ပျိူးနိုင်သဖြင့် စီးပွားဖြစ်စိုက်ပျိုးသူများလာပြီး စျေးကောင်းလည်းရရှိသဖြင့် မိသားစုပုံမှန်ဝင်ငွေတိုးပွားကာ မိသားစုများအဆင်ပြေလျက်ရှိကြောင်းသိရသည်။
ကြက်ဟင်းခါးသီးသည် မီးဖိုချောင်သုံး စာဖိုဆောင်သီးနှံဖြစ်ပြီး လူကြိုက်လည်းများသဖြင့် မြေလွတ်များ၌ စီးပွားဖြစ်စိုက်ပျိုးလာကြသူများလာပြီး ရေမြေကောင်းသဖြင့် အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်းသိရှိရပါသည်။
DOCA(မွန်)
ကျိုက်မရောမြို့နယ်၌ ကြက်ဟင်းခါးသီး စျေးကောင်းရ၍ စီးပွားဖြစ်စိုက်ပျိုးသူများလာ
Powered by Drupal