မော်လမြိုင်မြို့နယ်၊ အ.လ.က(တောင်ဝိုင်း)ကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်

Powered by Drupal

မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများအဖွဲ့သည် ၂၁-၁၁-၂၀၂၄ ရက်နေ့၊ နံနက် ၁၀း၀၀ နာရီအချိန်တွင် မော်လမြိုင်မြို့နယ်၊ အ.လ.က (တောင်ဝိုင်း)ကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောဆွေးနွေးပွဲပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။
အဆိုပါဟောပြောဆွေးနွေးပွဲတွင် အငယ်တန်းစာရေး ဒေါ်ခင်လေးနွယ်က စားသုံးသူကာကွယ်ရေး၏ ဥပဒေအဓိပ္ပါယ်ဖွင့်ဆိုချက်များ၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဆိုင်ရာ ပြဋ္ဌာန်းချက်များ၊ Consumer Call Center အကြောင်းအရာများနှင့် စားသုံးသူရေးရာဦးစီးဌာန၏ အကြောင်းအရာများကို www.doca.gov.com တွင်လည်း ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ကြောင်း၊ ၎င်းနောက် စားသုံးသူနစ်နာမှုနှင့်စပ်လျဉ်း၍ တိုင်ကြားနိုင်မှုနှင့် ဖြေရှင်းဆောင်ရွက်ပေးမှုနေမှုအခြေအနေများကို ဟောပြောဆွေးနွေးခဲ့ပြီး ဆွေးနွေးပွဲသို့တက်ရောက်လာသော ဆရာ/ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများ၏ သိလိုသည်များကို ပြန်လည်ဖြေကြားခြင်းများပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
အဆိုပါ ဟောပြောဆွေနွေးပွဲသို့ ဆရာ/ဆရာမ (၁၉) ဦး၊ ကျောင်းသား/ကျောင်းသူ (၅၈၂) ဦးတက်ရောက်ခဲ့ပြီး စားသုံးသူအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်းသိရှိရပါသည်။
DOCA(မွန်)