
စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်တာဝန်ခံ ဦးညီလွင်အေးသည် ၂၁-၁၁-၂၀၂၄ ရက်နေ့တွင် မုဒုံမြို့နယ်ရှိ စားအုန်းဆီများ လက်လီရောင်းချပေးနေသော လုပ်ငန်းရှင်များနှင့်တွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာတွင် လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဋ္ဌာန်းချက်များ၊ ဥပဒေပါ လုပ်ငန်းရှင်များလိုက်နာရမည့်တာဝန်များ၊ စားအုန်းဆီများကို လက်လီရောင်းချပေးရာတွင် သတ်မှတ်အရေအတွက်အတိုင်းရောင်းချပေးရေး၊ ဈေးနူန်းမြှင့်တင်ရောင်းချမှုမရှိစေရေး၊ အလေးချိန်ပြည့်မီစွာရောင်းချပေးရေး၊ ရပ်ကွက်/ကျေးရွာများအရောက် ပြန့်နှံ့စွာရောင်းချပေးနိုင်ရေး၊ စားသုံးသူများစိတ်ကျေနပ်မှုရှိစေရေးနှင့် ဈေးနူန်းမြှင့်တင်ရောင်းချပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေပုဒ်မ(၅)အရ ထောင်ဒဏ်၊ ငွေဒဏ်များချမှတ်အပြစ်ပေးအရေးယူခံရမည်ဖြစ်ကြောင်းနှင့် လုပ်ငန်းရှင်များကလည်း ၄င်းတို့ လက်ရှိရောင်းချပေးနေသည့် အခြေအနေများအား ဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။
DOCA(မွန်)