မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့နယ်တာဝန်ခံ ဦးအောင်ညီညီခန့်သည် ၂၂-၁၁-၂၀၂၄ ရက်နေ့တွင် မွန်ပြည်နယ်၊ ရေယာဉ်စစ်ဆေးရေးအဖွဲ့ဖြင့် မော်လမြိုင်၊ အမှတ် (၄) ဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသည့် ရေယာဉ်များသို့ သွားရောက်စစ်ဆေးခဲ့ပါသည်။
ထိုသို့စစ်ဆေးခဲ့ရာတွင် အဆိုပါဆိပ်ကမ်းရှိ ရေယာဉ် (၂) စီးအားစစ်ဆေးခဲ့ပြီး အဆိုပါရေယာဉ်များပေါ်တွင် ကုန်တင်လွှာယာဉ်ပါ ကုန်စာရင်းချုပ် (Manifest) တွင်ဖော်ပြထားသည့် ရေယာဉ်မှန်ကန်မှုရှိ/မရှိ၊ ကုန်တင်လွှာယာဉ်ပါ ကုန်စာရင်းချုပ် (Manifest) တွင်ဖော်ပြထားသည့် အချက်များနှင့်ကိုက်ညီမှုရှိ/မရှိတို့ကိုစစ်ဆေးခဲ့ရာ ကိုက်ညီမှုရှိသည်ကို စစ်ဆေးတွေ့ရှိရကြောင်းသိရှိရပါသည်။
DOCA(မွန်)
မော်လမြိုင်မြို့နယ်တာဝန်ခံသည် ရေယာဉ်စစ်ဆေးရေးအဖွဲ့နှင့်အတူ မော်လမြိုင်၊ အမှတ် (၄) ဆိပ်ကမ်းသို့ သွားရောက်စစ်ဆေး
Powered by Drupal