မွန်ပြည်နယ်၊ ရေးခရိုင်၊ ရေးမြို့နယ်အတွင်းရှိ စက်ရုံ၊ အလုပ်ရုံများအနေဖြင့် သက်ဆိုင်ရာ ဌာနများ၏ ဥပဒေများနှင့်အညီ လိုက်နာဆောင်ရွက်မှုများအား ကွင်းဆင်းစစ်ဆေးရေးအဖွဲ့ဖြင့် သွားရောက်စစ်ဆေး

Powered by Drupal

စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ ရေးခရိုင်၊ ရေးမြို့နယ်တာဝန်ခံ ဒေါ်အိဖြိုးသည် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်၍ ဌာနဆိုင်ရာ (၁၅) ခုပါဝင်သော စစ်ဆေးရေးအဖွဲ့ဖြင့် ၂၀-၁၁-၂၀၂၄ ရက်နေ့၊ နံနက် (၀၈:၀၀)နာရီအချိန်တွင် ရေးမြို့နယ်အတွင်းရှိ စက်ရုံ၊ အလုပ်ရုံများသို့သွားရောက်ကာ ဥပဒေများနှင့်အညီ လိုက်နာဆောင်ရွက်မှုရှိ/မရှိကို ကွင်းဆင်းစစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် လုပ်ငန်းများကို သက်ဆိုင်ရာဌာနများ၏ ခွင့်ပြုချက်ရှိ/မရှိ၊ သက်ဆိုင်ရာဌာနအလိုက် သတ်မှတ်ထားသည့် စည်းကမ်းချက်နှင့်အညီ လိုက်နာဆောင်ရွက်မှုရှိ/မရှိတို့ကို မေးမြန်းစစ်ဆေး၍ လိုအပ်ချက်ရှိပါက ကြိုတင်ဖြည့်တင်းဆောင်ရွက်ထားရန်နှင့် စက်ရုံအလုပ်ရုံများတွင် တရားမဝင်ကုန်ပစ္စည်းများသိုလှောင်ထားခြင်းရှိ/မရှိတို့ကို စစ်ဆေးမှုများဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(မွန်)