အထက်အကြီးအကဲကြီး၏ လမ်းညွှန်မှာကြားချက်အရ ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးသိန်းထွန်း(ဌာနခွဲစာရေး)နှင့် ဝန်ထမ်းများသည် တာမွေမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ၂၁.၁၁.၂၀၂၄ ရက် နေ့လယ် (၁၄:၃၀) နာရီအချိန်တွင် အမှတ် (၁၈/၂)၊ နှင်းဆီလမ်းရှိ Grand Wave Co.,Ltd. မှ ဆေးနှင့်ဆေးပစ္စည်းများကိုစစ်ဆေးရန် ပိုင်ရှင်ဒေါ်နန်းမျိုးမြင့်မေနှင့် သွားရောက်တွေ့ ဆုံ၍ သိုလှောင်ရုံအတွင်းရှိဆေးဝါးများအား စစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။
ထိုသို့စစ်ဆေးရာတွင် သိုလှောင်ရုံအတွင်း သွေးတွင်းအဆီကျဆေး(၁)မျိုးတည်းသာရှိပြီး ပစ္စည်းပြတ်လပ်မှုမရှိပါကြောင်း ဖြစ်သင့်ဖြစ်ထိုက်သည့်ဈေးနှုန်းဖြင့်သာရောင်းချကြောင်း၊ ဆေးရုံဆေးခန်းများသို့ တိုက်ရိုက်ဖြန့်ချိပေးခြင်းဖြစ်ကြောင်း ဖြေကြားခဲ့ပြီး ဈေးနှုန်းမြှင့်တင်ရောင်းချမှုကို စစ်ဆေးတွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်းနှင့် အသိပညာပေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA( ရန်ကုန်)