ရွှေဘိုခရိုင်၌ ၂၀၂၃-၂၀၂၄ ခုနှစ်၌ မိုးမြေပဲကို (၇၃၉၀၅)ဧကစိုက်ပျိုးပြီး တစ်ဧကလျှင် (၄၂)တင်းခန့်ထွက်ရှိကြောင်း၊ မိုးမြေပဲကို ဇွန်လတွင် စတင်စိုက်ပျိုးကြပြီး စက်တင်ဘာလတွင် ရိတ်သိမ်းကြကြောင်း၊ မြေပဲလုံးဆန်များမှာ စက်တင်ဘာလ၊ ဒုတိယအပတ်မှစတင်၍ ရွှေဘိုဈေးကွက်သို့ဝင်ရောက်ခဲ့ကြောင်း၊ နိုဝင်ဘာလ၊ တတိယအပတ်တွင် အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းမှာ မြေပဲလုံးဆန်တစ်တင်းလျှင် (၁၃၆၀၀ဝိ/-)ကျပ်ပေါက်ဈေးရှိပြီး တစ်ပတ်အတွင်း အရောင်းအဝယ်ဖြစ်မှုမှာ (၄၅၀)တင်း/ (၁၀)တန်ဖြစ်ကြောင်း၊ ယခင်အပတ်နှင့်ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ယခင်အပတ်၌ မြေပဲလုံးဆန်တစ်တင်းလျှင် (၁၂၈၀၀ဝိ/-)ကျပ်ပေါက်ဈေးရှိခဲ့သဖြင့် ယခုအပတ်တွင် ယခင်အပတ်ထက် မြေပဲလုံးဆန်တစ်တင်းလျှင် (၈၀၀ဝိ/-)ကျပ်ဈေးပိုမိုရရှိခဲ့ကြောင်း၊ ယခင်နှစ်ကာလတူနှင့် အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ယခင်နှစ်ကာလတူ၌ မြေပဲလုံးဆန်တစ်တင်းလျှင် (၈၆၄၀ဝိ/-)ကျပ်ပေါက်ဈေးရှိခဲ့သဖြင့် ယခုနှစ်တွင် ယခင်နှစ်ကာလတူထက် မြေပဲလုံးဆန်တစ်တင်းလျှင် (၄၉၆၀ဝိ/-)ကျပ်ဈေးပိုမိုရရှိခဲ့ကြောင်း ရွှေဘိုမြို့ ပဲ၊ နှမ်းကုန်စည်ဒိုင်ရှိ တာဝန်ရှိသူများနှင့်ဆက်သွယ်မေးမြန်းမှုအရ သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)