စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မအူပင်မြို့နယ် စားအုန်းဆီထုတ်ကိုယ်စားလှယ်များနှင့် တွေ့ဆုံ၍ စားသုံးသူ ပြည်သူများဆီဝယ်ယူရာတွင် လုပ်ငန်းအဆင်ပြေချောမွေစေရေး မအူပင်မြို့နယ်အနေဖြင့် ဆီရောင်းချမှုလုပ်ငန်းတည်ငြိမ်အောင် ပူးပေါင်းဆောင်ရွက်နိုင်ရေးလုပ်ငန်းများ အဆင်ပြေချောမွေ့စေရန်အတွက် လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးမှုကို မအူပင်ခရိုင်ဦးစီးမှူးရုံး အစည်းအဝေးခန်းမတွင် ဌာနဆိုင်ရာများကိုပါဖိတ်ကြား၍ တွေ့ဆုံဆွေးနွေးမှုပြုလုပ်ခဲ့ကြသည်။
တွေ့ဆုံဆွေးနွေးရာတွင် မအူပင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူက စားအုန်းဆီထုတ်ကိုယ်စားလှယ်များကို မအူပင်ခရိုင်အတွက် ဆီဘောက်ဆာကားများ အချိန်နှင့် တပြေးညီရောက်ရှိပြီး စားအုန်းဆီထုတ်ယူခွင့်ခွဲတမ်းများကို စနစ်တကျထုတ်ယူပြီးငွေပေးချေကာ သတ်မှတ်နေရာများတွင် စနစ်တကျထုတ် ယူနိုင်ရန်ကိုလည်းကောင်း၊ ဆီရောင်းချခွင့် ကိုယ်စားလှယ်ဆိုင်များမှ စားသုံးသူပြည်သူများ တစ်လ ၃ကြိမ် တစ်ကြိမ်လျှင် ၅၀ကျပ်သားဖြင့် ၁ပိဿာ ၅၀ကျပ်သားကို သတ်မှတ်ရက်နှင့် သတ်မှတ်ချိန်အတွင်း စနစ်တကျ စားသုံးသူပြည်သူလက်ထဲ ရောက်ရှိအောင်ရောင်းချပေးနိုင်ရန် စီစဉ်ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ စားသုံးဆီထုတ်ယူခွင့်စာအုပ်နှင့်အတူ လာရောက်ထုတ်ယူသူ ပြည်သူများကိုလည်း သေချာစိစစ်မှတ်သားပြီး ရောင်းချရန်ကိုလည်းကောင်း၊ စားအုန်းဆီထုတ်ယူခွင့် စာအုပ်များပျောက်ဆုံးခြင်း၊ ထားသိုသိမ်းဆည်းမှုမှားယွင်း၍ စုတ်ပြဲခြင်းများဖြစ်ပေါ်လာသည်ကို စိစစ်တွေ့ရှိရ၍ ဆီထုတ်ကိုယ်စားလှယ်နှင့် ဌာနဆိုင်ရာများက သေချာစိစစ်ဆောင်ရွက်ရန် အမှတ်တကယ်ပျောက်ဆုံး၊ ပျက်စီးပါကလည်း ရပ်ကွက်ထောက်ခံချက်နှင့်အတူ ကိုယ်တိုင်ပျောက်ဆုံးလျောက်ထားရေးစာဖြင့် ဌာနဆိုင်ရာများကစိစစ်ထုတ်ယူနိုင်ရန် စီစဉ်ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ မလိုအပ်ပဲ ဆီထုတ်ယူခွင့်စာအုပ်များ ဖောင်းပွမည်ဖြစ်သဖြင့် အားလုံးသေချာစိစစ်ပူးပေါင်းဆောင်ရွက်ပေးနိုင်ရန်တို့ကို ရှင်းလင်းဆွေးနွေးခဲ့ပြီး မအူပင်ဆီရောင်းချသူ ကိုယ်စားလှယ်များမှ မအူပင်ခရိုင်အတွင်း ဆီကုန်ဈေးနှုန်းတည်ငြိမ်နိုင်စေရေး အလေးပေးပူးပေါင်းဆွေးနွေးခဲ့ပြီး လုပ်ငန်းရှင် (၁၀)ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)