စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးသိန်းထွန်း(ဌာနခွဲစာရေး)နှင့် ဝန်ထမ်းများသည် ၂၃.၁၁.၂၀၂၄ ရက် နေ့လယ် (၁၃:၀)) နာရီအချိန်တွင် အမှတ် (၁၂၀၁)၊ လက်ဝဲမင်းဒင်လမ်းရှိ Trust Alliance Co., Ltd မှ စီးပွားရေးလုပ်ငန်ရှင်ဒေါ်တင်ဝါဝါနှင့် သွားရောက်တွေ့ဆုံ၍ ကုန်အညွှန်းအမှတ်အသားနှင့်စပ်လျဉ်း၍ အသိပညာပေးစစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။
ကုမ္ပဏီရှိဆေးဝါးများ ဈေးကွက်အတွင်း ဖြန့်ချိရောင်းချရာတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ အခန်း(၁၈)တွင်ပါရှိသည့် ကုန်အညွှန်းအမှတ် အသားဖော်ပြချက်များနှင့် စပ်လျဉ်းပြီး ကုန်ပစ္စည်းအမျိုးမျိုးတွင် အမျိုးအမည်၊ အသားတင်ပမာဏ၊ သုံးစွဲပုံနည်းလမ်း၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဓာတ်မတည့်ကြောင်းဖော်ပြချက်၊ ကြိုတင်သတိပေးချက်တို့ပါရှိရမှာဖြစ်ပြီး၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ ဥပဒေအခန်း(၁၁)ပါ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းဆိုင်ရာ အချက်အလက်များကို အသိပညာပေးဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ရန်ကုန်)