Smart Care Co., Ltd မှ ဆေးဝါးများတွင် ကုန်အညွှန်းအမှတ်အသားများ သွားရောက်စစ်ဆေးခြင်း

Powered by Drupal

              အထက်အကြီးအကဲကြီး၏ လမ်းညွှန်မှာကြားချက်အရ ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူ ရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးမင်းမင်းစိုး(ဌာနခွဲစာရေး)နှင့် ဝန်ထမ်းများသည်  ၂၁.၁၁.၂၀၂၄ ရက်  နေ့လယ် (၁၂:၃၀) နာရီအချိန်တွင်  အမှတ် (၁၂၃၆)၊ သစ္စာလမ်း၊ တာမွေမြို့နယ်ရှိ Smart Care  Co., Ltd မှ ဆေးဝါးဖြန့်ချိမှုအခြေအနေများ သွားရောက်စစ်ဆေးရန် တာဝန်ခံဦးအောင်ကျော်စိုးနှင့် သွားရောက်တွေ့ဆုံ၍ ကုန်အညွှန်းအမှတ်အသားများနှင့် ပတ်သက်၍ စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။

           ထိုသို့ စစ်ဆေးရာတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ အခန်း(၁၈)တွင်ပါရှိသည့် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များနှင့် စပ်လျဉ်းပြီး ဈေးကွက်အတွင်းဖြန့်ချိမည့် ကုန်ပစ္စည်းအမျိုးမျိုးတွင် အမျိုးအမည်၊ အသားတင်ပမာဏ၊ သုံးစွဲပုံနည်းလမ်း၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဓာတ်မတည့်ကြောင်းဖော်ပြချက်တို့ မဖြစ်မနေဖော်ပြပါရှိရမှာဖြစ်ကြောင်းနှင့် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ ဥပဒေအခန်း(၁၁)ပါ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းဆိုင်ရာ အချက်အလက်များကိုရှင်းလင်းပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ရန်ကုန်)