၂၀၂၄ ခုနှစ်၊ ဆောင်းရာသီတွင် ကရင်ပြည်နယ်ဒေသထွက် ခရမ်းချဉ်သီးကို ဘားအံမြို့ အနီးတစ်ဝိုက်ရှိကျေးရွာများရှိ ဒေသခံတောင်သူများက စီးပွားဖြစ်စိုက်ပျိုးကြတလို အပိုဝင်ငွေရရှိရန် အတွက်လည်း တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြပြီး ဘားအံမြို့ပေါ်ဈေးသို့ လာရောက်ရောင်းချကြကြောင်း သိရသည်။
ဈေးနှုန်းအနေဖြင့် ယခင်အပတ်က ခရမ်းချဉ်သီးဈေးနှုန်းမှာ တစ်ပိဿာလျှင် (၁၀၀၀၀) ကျပ်၊ ယခုအခါ ခရမ်းချဉ်သီးဈေးနှုန်းမှာ တစ်ပိဿာလျှင်(၄၀၀၀/၅၀၀၀)ကျပ်နှုန်းတို့ဖြစ် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရပါသည်။
ကရင်ပြည်နယ်ဒေသအတွင်း ဖြစ်ပေါ်နေသော နိုဝင်ဘာတတိယပတ်နှင့်နိုဝင်ဘာပဥ္စမပတ် ဈေးနှုန်း နှိုင်းယှဉ်ခြင်းအားဖြင့် ဒေသတွင်စိုက်ခင်းများမှသီးနှံများ လှိုင်လှိုင်ထွက်ရှိလာပြီးဖြစ်၍ ခရမ်းချဉ်သီးဈေးနှုန်း အနည်းငယ်ကျနေကြောင်း သိရပါသည်။
DOCA(ကရင်)