အသင့်စားငါးခြောက်အမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံခြင်းရှိ/ မရှိ စစ်ဆေးခြင်း

Powered by Drupal

            စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၂၁.၁၁.၂၀၂၄ ရက်နေ့နေ့လယ်(၁၃:၄၀)နာရီအချိန်တွင် အသင့်စားငါးခြောက်အမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံခြင်းရှိ/မရှိကို ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

           ထိုသို့ စစ်ဆေးခဲ့ရာတွင် အင်းစိန်မြို့နယ်၊ 1 Stop Mart မှ Supervisor ကိုမျိုးခိုင်ဦးမှ ပူးပေါင်းပါဝင်၍ ဈေးကွက်အတွင်းရောင်းချနေသော မင်းသားကြီး(စမခြောက်)၊ TOMO (ပုဇွန်ခြောက်ငံပြာရည်ကြော်၊ ရခိုင်ငပိထောင်း၊ မရမ်းသီးငံပြာရည်ကြော်၊ ဆတ်သားခြောက်၊ ငါးရံ့ခြောက်) သီရီစံ (အာပြဲကြော်၊ ငါးနီတူကြော်၊ ဂျူးပဲပုတ်မြေပဲကြော်၊ ပုစွန်ခြောက်ငပိကြော်၊ သတ်သတ်လွတ်ငံပြာရည် ကြော်)၊ အမေ့လက်ရာ (ဂျူးပဲပုတ်မြေပဲကြော်၊ ဂျူးမြစ်ဘာလချောင်ကြော်၊ ပုစွန်ခြောက်ငံပြာရည်ကြော်)၊ ဓူဝံ(ငါးနီတူးခြောက်အချို၊ သဘာဝငါးပြုတ်ခြောက်အချို)၊ ချင်းတောင်တန်း(ဆိတ်သားမီး ကင်၊ ဘိတ်ချဉ်စပ်၊ ဆိတ်သားတုံးအစပ်၊ ဆိတ်ကင်ပွန်း၊ ဆိတ်သားအမွခြောက်၊ ဆိတ်သားပြား) များတွင် စားသုံးသူကာကွယ်ရေးဥပဒေတွင် ပြဌာန်းထားသည့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အချက်များနှင့်ကိုက်ညီမှုရှိကြောင်း စစ်ဆေးတွေ့ရှိရပါသည်။

DOCA(ရန်ကုန်)