မုံရွာမြို့ ၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးရှိ DICA အစည်းအဝေးခန်းမ၌ စားသုံးသူကော်မတီ(၄/၂၀၂၄)ကြိမ်မြောက် အစည်းအဝေးကျင်းပ

Powered by Drupal

            (၂၁.၁၁.၂၀၂၄) ရက်နေ့ နံနက် (၁၀း၀၀) နာရီအချိန်တွင်၊ မုံရွာမြို့၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးရှိ DICA အစည်းအဝေးခန်းမတွင် စားသုံးသူကော်မတီ(၄/၂၀၂၄)ကြိမ်မြောက်အစည်းအဝေးကို ကျင်းပဆောင်ရွက်ရာ စားသုံးသူရေးရာကော်မတီဥက္ကဌ စီးပွားရေးရာဝန်ကြီးဒေါ်ရီရီသန်းက အဖွင့်အမှာစကားပြောကြားပြီး ကော်မတီအဖွဲ့ဝင်များနှင့် စားသုံးသူဝန်ထမ်း(၁၇)ဦး တက်ရောက်ကြောင်း သတင်းရရှိပါသည်။

             အဆိုပါအစည်းအဝေးတွင် စားသုံးသူရေးရာကော်မတီဥက္ကဌ၊ စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်းက အဖွင်အမှာစကားပြောကြားရာ တက်ရောက်လာသောကော်မတီအဖွဲ့ဝင်  များအနေဖြင့် စားသုံးသူများဘေးကင်းလုံခြုံစိတ်ချစွာ စားသုံးမှုပြုနိုင်ရေးသည် မိမိတို့၏တာဝန်သာဖြစ်ကြောင်း၊ ကုသိုလ်လည်းရဝမ်းလည်းဝ နည်းမှန်လမ်းမှန်ဆောင်ရွက်နိုင်စေရန်အတွက် အစီအမံများချမှတ်၍ တိုင်းတွင်းလုပ်ငန်းတာဝန်များ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ကော်မတီအဖွဲ့ဝင်များက ပူးပေါင်းအကြံပြုရမှာဖြစ်ကြောင်း၊ သုံးလမှတစ်ကြိမ်ကျင်းပရသည်ဖြစ်၍ ဆောင်ရွက်ပြီးစီးမှုအခြေအနေ၊ ရှေ့ဆက်ဆောင်ရွက်ကြမည့် လုပ်ငန်းစဉ်များဆွေနွေးပြောြကားခြင်း၊ ကော်မတီအတွင်းရေးမှူး တိုင်းဒေသကြီးစားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးခမ်လျန်စွမ်းက စားသုံးသူကာကွယ်ရေးလုပ်ငန်းသည်ပြည်သူအတွက် အထူးလိုအပ်ပါကြောင်း၊ စားသုံးသူပြည်သူများ နစ်နာမှုများရှိပါက တိုင်ကြားလာမှုရှိစေရေးနှင့် စားသုံးသူကာကွယ်ပေးရေးဥပဒေနှင့်အညီ ညှိနှိုင်းဖြေရှင်းဆောင်ရွက်ခြင်းများ၊ အွန်လိုင်းစနစ်သုံးစွဲမှုများ စိစစ်ကြပ်မတ်ဆောင်ရွက်ခြင်းများ ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ယခင်နှင့် ယခုလုပ်ငန်းဆောင်းရွက်မှုများ နှိုင်းယှဥ်ချက်များရှင်းလင်းဆွေးနွေးတင်ပြီး တက်‌ရောက်လာသော ကော်မတီအဖွဲ့ဝင်များက ဖြည့်စွက်ဆွေးနွေးခြင်းနှင့် အမှာစာတင်ပြမှုအပေါ် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းများအားအစည်းအဝေးဆုံးဖြတ်ချက်ချမှတ်၍ (၄/၂၀၂၄)ကြိမ်မြောက် စားသုံးသူရေးရာကော်မတီအစည်းအဝေကို အောင်မြင်စွာကျင်းပဆောင်ရွက်နိုင်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)