ပြည်မြို့ရှိ စားအုန်းဆီဈေးကွက်

Powered by Drupal

       ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့တွင် စားအုန်းဆီဈေးများ ဆက်လက် မြင့်တက်လာခဲ့ပါသည်။ ယခင်သင်္ကြန်မတိုင်မှီကာလက စားအုန်းဆီတစ်ပိဿာလျှင် ၅၉၀၀-၆၁၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး သင်္ကြန်ကျော်ကာလတွင် တစ်ပိဿာလျှင် ၆၀၀၀-၆၁၀၀ ကျပ်မှ ၆၅၀၀-၆၈၀၀ ကျပ်ထိ ဈေးပြန်မြင့်လာပြီး ယခုဧပြီလနောက်ဆုံးပတ်တွင် စားအုန်းဆီတစ်ပိဿာလျှင် ၇၀၀၀-၇၂၀၀ကျပ်ထိ ဈေးဆက်လက်မြင့်တက်လာခဲ့ပါသည်။

     ယခင် ကိုဗစ်ကာလ ၂၀၂၁ ခုနှစ် စက်တင်ဘာလမှစ၍ မြန်မာနိုင်ငံဆီကုန်သည်နှင့် လုပ်ငန်းရှင်များအသင်းမှလည်း စားသုံးသူပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် တစ်ပိဿာလျှင် ၃၈၅၀ကျပ်ဖြင့် ရောင်းချပေးခဲ့ပြီး ယခုအခါ ၎င်းအသင်းမှပဲ တစ်ပိဿာလျှင် ၅၆၅၀ ကျပ် ဈေးဖြင့် (၁၆၅၀၀)ပိဿာကို ရောင်းချပေးခဲ့၍ ၁၃ ကြိမ်တိုင်တိုင် သက်သာဈေးနှုန်းဖြင့် ရောင်းချပေးနိုင်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)