ပေါင်းတည်မြို့နယ်၊ ဘွဲ့ပင်ကန်ရပ်ကွက်၊ အခြေခံပညာမူလတန်းကျောင်းတွင် အသိပညာပေးဟောပြောဆွေးနွေး

Powered by Drupal

        နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်တွင် (၂၆-၁၁-၂၀၂၄)ရက်နေ့၊ နေ့လယ် (၁၃:၀၀)နာရီအချိန်တွင် ပေါင်းတည်မြို့နယ်၊ ဘွဲ့ပင်ကန်ရပ်ကွက်အတွင်းရှိ အခြေခံပညာအလယ်တန်းကျောင်းသို့သွားရောက်၍ စားသုံးသူရေးရာဌာနနှင့် ပြန်ဆက်ဦးစီးဌာနတို့ပူးပေါင်း၍ စားသုံးသူအသိပညာပေးဟောပြောခြင်း၊ နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲအခမ်းအနားများပြုလုပ်ခဲ့ပါသည်။

         အဆိုပါအသိပညာပေးဟောပြောပွဲတွင် စားသုံးရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးနိုင်ဝင်းသိန်းက စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၉) ပုဒ်မ(၁၉)ပါ စားသုံးသူအခွင့်အရေးနှင့် စားသုံးသူ၏ လိုက်နာဆောင်ရွက်ရမည့်တာဝန်များအကြောင်းကို အသေးစိတ်ရှင်းလင်းဆွေးနွေးဟောပြောခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါ်အေးစုစံက လူကုန်ကူးမှုနံရံကပ်စာစောင်များနှင့် လူကုန်ကူးမှုအန္တရာယ်ဓာတ်ပုံပြပွဲအကြောင်း၊ စာဖတ်ခြင်းမှရရှိသည့် အကျိုးကျေးဇူးများအကြောင်းကို ဟောပြောဆွေးနွေးခဲ့ရာ ဟောပြောဆွေးနွေးပွဲသို့ ဆရာ/ဆရာမဦးရေ (၁၅)ဦးနှင့် ကျောင်းသား/ကျောင်းသူဦးရေ(၁၀၀)ဦးတက်ရောက်ခဲ့ကြောင်းသိရပါသည်။

DOCA(ပဲခူး)