ပြည်ချင်းပွဲရုံများတွင် ယခုအပတ်၌ ချင်းအရောင်းအဝယ်အေးလာပြီး ချင်းဈေးနှုန်းမှာ ယခင်အပတ်ဈေးအတိုင်း ငြိမ်လျက်ရှိနေပါသည်။ ယခင်က ပွဲတော်ရာသီနှင့် ကထိန်အလှူများရှိသဖြင့် အရောင်းအဝယ်ကောင်းလာ၍ ဈေးအနည်းငယ်မြင့်တက်လာပြီး ယခုနိုဝင်ဘာလ၊ နောက်ဆုံးအပတ်မှစပြီး ဓားလှီးချင်း (ဖတ်) လုပ်ငန်းရှင်တို့ရောင်းဝယ်မှုနှင့် လက်လီဈေး ရောင်းဝယ်ရေးသမားတို့ အရောင်းအဝယ်အေးသောကြောင့် ချင်းပွဲရုံသမားများလည်း အရောင်းအဝယ်အေးလာသည်ဟုသိရှိရပါသည်။ ယခုနိုဝင်ဘာလ နောက်ဆုံးပတ်ချင်းဈေးမှာ ပွဲရုံဈေး (၁၅၀၀-၁၈၀၀)ကျပ်မှာ အိတ်ဆွဲဈေး ဖြစ်ပြီး ချင်းသန့်လက်ကားဈေးမှာ (၂၀၀၀-၂၂၀၀)ကျပ်ဈေးတို့ဖြင့် ရောင်းချနေသည်ကိုတွေ့ရှိရပါသည်။ လက်လီဈေးများတွင် (ချင်းသန့်)တစ်ပိဿာလျှင် (၂၅၀၀-၂၈၀၀) ကျပ်ဈေးတို့ဖြင့် ရောင်းချလျက် ရှိနေပါသည်။ ဒါးလှီးချင်းဖတ်တစ်ပိဿာဈေး (၃၅၀၀)ကျပ်ဖြင့် ရောင်းဝယ်မှုရှိနေကြောင်းသိရှိရပါသည်။
DOCA(ပဲခူး)