Main menu

ပြည်ချင်းများဈေးငြိမ်ပြီး အရောင်းအဝယ်အေးလျက်ရှိ

Powered by Drupal

       ပြည်ချင်းပွဲရုံများတွင် ယခုအပတ်၌ ချင်းအရောင်းအဝယ်အေးလာပြီး ချင်းဈေးနှုန်းမှာ ယခင်အပတ်ဈေးအတိုင်း ငြိမ်လျက်ရှိနေပါသည်။ ယခင်က ပွဲတော်ရာသီနှင့် ကထိန်အလှူများရှိသဖြင့် အရောင်းအဝယ်ကောင်းလာ၍ ဈေးအနည်းငယ်မြင့်တက်လာပြီး ယခုနိုဝင်ဘာလ၊ နောက်ဆုံးအပတ်မှစပြီး ဓားလှီးချင်း (ဖတ်) လုပ်ငန်းရှင်တို့ရောင်းဝယ်မှုနှင့် လက်လီဈေး ရောင်းဝယ်ရေးသမားတို့ အရောင်းအဝယ်အေး‌သောကြောင့် ချင်းပွဲရုံသမားများလည်း အရောင်းအဝယ်အေးလာသည်ဟုသိရှိရပါသည်။ ယခုနိုဝင်ဘာလ နောက်ဆုံးပတ်ချင်းဈေးမှာ ပွဲရုံဈေး (၁၅၀၀-၁၈၀၀)ကျပ်မှာ အိတ်ဆွဲဈေး ဖြစ်ပြီး ချင်းသန့်လက်ကားဈေးမှာ (၂၀၀၀-၂၂၀၀)ကျပ်ဈေးတို့ဖြင့် ရောင်းချနေသည်ကိုတွေ့ရှိရပါသည်။ လက်လီဈေးများတွင် (ချင်းသန့်)တစ်ပိဿာလျှင် (၂၅၀၀-၂၈၀၀) ကျပ်ဈေးတို့ဖြင့် ရောင်းချလျက် ရှိနေပါသည်။ ဒါးလှီးချင်းဖတ်တစ်ပိဿာဈေး (၃၅၀၀)ကျပ်ဖြင့် ရောင်းဝယ်မှုရှိနေကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)