ဓနုဖြူမြို့နယ်မှ ရန်ကုန်သို့ ငါးခေါင်းပွတင်ပို့လျက်ရှိကြောင်းသိရ

Powered by Drupal

            ဧရာဝတီတိုင်းဒေသကြီး ဓနုဖြူမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ အောက်တိုဘာလအတွင်း ငါးခေါင်းပွ ပိဿာချိန် ၇၀၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ဓနုဖြူမြို့နယ်မှ ငါးတင်ပို့ရောင်းချသူ ငါးပွဲရုံပိုင်ရှင်၏ပြောပြချက်အရ သိရသည်။

            ဓနုဖြူမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ စက်တင်ဘာလအတွင်း ငါးခေါင်းပွပိဿာ ချိန် ၅၀၀၀၀ သာ တင်ပို့ရောင်းချနိုင်ခဲ့သည်။ ဓနုဖြူမြို့နယ်တွင် ငါးများကို မြစ်ချောင်း၊ အင်းအိုင်များ၊ ငါးမွေးမြူရေးကန်များမှ ထွက်ရှိသည့်အတွက် မွေးမြူရေးငါး၊ မြစ်ငါးအမျိုးအစားခွဲ၍ ငါးခေါင်းပွကို ရန်ကုန်သို့တင်ပိုလျက်ရှိကြောင်းသိရသည်။ နိုဝင်ဘာလ ၁ ရက်မှ ၂၀ ရက်အတွင်း ငါးခေါင်းပွပိဿာချိန် ၆၅၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း မြစ်ငါးခေါင်းပွက ပိုမိုဈေးရရှိကြောင်း ငါးရောင်းဝယ်ရေးလုပ်ငန်းရှင်ထံမှသိရပြီး ငါးခေါင်းပွများအပါအဝင် ဒေသရေထွက်ကုန်များကို ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။

             ဈေးနှုန်းအနေဖြင့် ငါးခေါင်းပွဲ ၁ပိဿာ (၁၃၀၀၀)ဖြင့် ဝယ်ယူရပြီး ရန်ကုန်သို့ (၁၅၀၀၀)ကျပ်မှ (၁၇၀၀၀)ကျပ်ထိ ဈေးနှုန်းဖြင့်တင်ပို့ရကြောင်း ဓနုဖြူဘက်ကနေ ငါးခေါင်းပွတွေကို ရန်ကုန်ဈေးကွက်သို့ အများဆုံးတင်ပို့ရောင်းချနေကြောင်းသိရသည်။  ပြည်တွင်း၌ ငါးခေါင်းပွဝယ်ယူမှု များနေကြောင်းသိရသည်။ တင်ပို့မှုဈေးကွက်အနေဖြင့် ဓနုဖြူမြို့နယ်မှ ထွက်ရှိသည့် ငါးခေါင်းပွများကို ရန်ကုန်သို့အဓိကထားတင်ပို့တင်ပို့ရောင်းချလျက်ရှိပြီး ရန်ကုန်မြို့မှတစ်ဆင့် နေပြည်တော်နှင့် အခြားဒေသများသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း၊ အဆိုပါငါးများ နေ့စဉ်တင်ပို့ရောင်းချရသည့်အတွက် မွေးမြူရေးလုပ်ငန်းရှင်များ၊ မွေးမြူရေးလုပ်သားများ၊ ငါးဖမ်းသူကျေးရွာသူ၊ ကျေးရွာသားများ၊ ကုန်တင်လုပ်သားများ အလုပ်အကိုင်အခွင့်အလမ်း ပိုမိုကောင်းမွန်လာကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)